Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော
နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေဟု NUG ဝန်ကြီးချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေပြီး ကမ္ဘာကြီးသည် မြန်မာပြည်သူများ၏ မှန်ကန်မှု၊ ရဲရင့်မှု၊ ဇွဲရှိမှုများကို တဖြည်းဖြည်းလက်ခံနားလည် နေပြီဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဇွန်လ ၇ ရက်တွင် ကျင်းပသော (၅၇) ကြိမ်မြောက် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောကြားပြီး နိုင်ငံတကာ၏ နားလည်လက်ခံအားပေးလာခြင်းသည် ပြည်တွင်း ရုန်းကန်လှုပ်ရှားမှုများအတွက် ‘အား’ဖြစ်စေကြောင်း ပြောသည်။

“နိုင်ငံတကာအနေနဲ့လည်း အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ဆက်လက်အားပေးကူညီ ထောက်ပံ့ပေးကြဖို့ အလေးအနက် တောင်းဆိုချင်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင် ရွက်နေကြတဲ့ ဝန်ကြီးဌာနတွေအနေနဲ့လည်း ဆက်လက်အားထုတ် ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီး ၁၆ လကြာချိန်အထိ စစ်ကောင်စီကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုလက်ခံခြင်းမရှိသေးဘဲ ကုလသမဂ္ဂကိုယ်စားပြုခွင့်ကိုလည်း ဆုံးရှုံးထားဆဲဖြစ်သည်။

သို့သော် တော်လှန်ရေးကာလဖြစ်၍ အောင်မြင်မှုများနှင့်အတူ စွန့်လွှတ်ပေးဆပ်ရမှုများလည်း ရှိနေပြီး တော်လှန် ရေးကို မြန်သထက်မြန်အောင် အဆုံးသတ်လိုစိတ်များလည်း နေ့စဉ်နှင့်အမျှ ဖြစ်ရကြောင်း NUG ဝန်ကြီးချုပ်က ဆိုသည်။

“ဆုံးရှုံးနစ်နာရမှုတွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမားတွေကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာလည်း တစ်နေ့ထက် တစ်နေ့ နီးကပ်လာနေပြီဖြစ်တယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို အကြောက်တရားဖြင့် ခြိမ်းခြောက်နိုင်ရန် နည်းလမ်းမျိုးစုံ ကြိုးပမ်းလာသော်လည်း တော်လှန်ရေး အင်အားစုများသည် ၎င်းတို့ခြိမ်းခြောက်တိုင်း ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခုသီတင်းပတ်အတွင်း ပြည်သူများ စိတ်သောကဖြစ်စေသည့်ကိစ္စမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ် ​လေးဦးကို စစ်ကောင်စီက သေဒဏ်အတည်ပြုခြင်းဖြစ်ပြီး မတရားသည့် ပြစ်မှုပြစ်ဒဏ်များကို လက်မခံဘဲ ဆက်လက်ဆန့်ကျင်နေမည်ဖြစ်ကြောင်း ဆက်ပြောသည်။

သေဒဏ်ချမှတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာက မိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် NUG အထူးစိုးရိမ်သည့် ကိစ္စမှာ တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာက အထင်လွဲမှားစေရန် အကြမ်းဖက်ဖြစ်စဉ်များ ဖန်တီးကာ ကလေးသူငယ်များကို ယုတ်မာရက်စက်မည်ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

“မကြာသေးခင်ကဖြစ်သွားတဲ့ ဘားလမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မျိုးတွေဟာ ခေတ်အဆက်ဆက်မှာ သူတို့သုံးလာတဲ့ နည်းလမ်းဟောင်းတွေမို့ ကျွန်တော်တို့ ပြည်သူတွေ အထူးဂရုစိုက်စေချင်ပါတယ်”ဟု ၎င်းက သတိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံကို အလေးပြုခဲ့ပြီးကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုပြု လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

သတင်း

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားမည်ဟုဖော်ပြသည်။

သတင်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဥပဒေရေးဆွဲရာတွင် အဆိုပါ CDM ရဲအရာရှိများ၊ အရာရှိဟောင်းများ၊ ဥပဒေကျွမ်းကျင်သူများ၊ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။

ဆောင်းပါး

စစ်​ကောင်စီ​ကျောင်း​တွေမှာမအပ်ဖူးဆိုတဲ့ ​ကျောင်းသားမိဘ​တွေက စစ်​ကောင်စီပြုတ်ပြီး ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှ​​ပုံမှန်​ကျောင်း​တွေပြန်ထားဖို့စီစဥ်ထားကြတာဖြစ်ပါတယ်။