Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်း

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

(မဟာ​အောင်​မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်​​ရေးရုံးတစ်ခုအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မဟာ​အောင်​မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်​​ရေးရုံးတစ်ခုအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(GZP)က ယနေ့(ဇွန် ၂၁) ထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းခံရသော စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးမျိုးထွေးသည် ရန်ကုန်မြို့ဘက်မှပြန်လာပြီး မဟာအောင်မြေရှိ ၎င်း၏ မိခင်ထံဝင်တွေ့စဥ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း GZP ထံမှ သိရသည်။

“ပြည်သူတွေ သွေးအေးမသွားကြဖို့နဲ့ ဒီတော် လှန်ရေးက နိုင်ကိုနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်”ဟု GZP မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များက စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ဖြိုဖျက်လျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ထောက်ပို့တပ်သားများအဖြစ် နေအိမ်တွင်နေထိုင်းရင်း Click ပေးကြရန် GZPက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

သတင်း

ဒီနေ့မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ မိခင်ထံအလည်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

သတင်း

"မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်"ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

သတင်း

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် "မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။