Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်တွင်​ကျေးရွာများကို ဝင်​ရောက်ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကိုPDFများကတိုက်ခိုက်ရာ၅ ဦး​သေဆုံး

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်ကျေးရွာများအားစစ်​ကြောင်းထိုးဝင်ရောက်ဖျက်ဆီးနေသည့်စစ်​​ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားရာ နှစ်ရက်အတွင်း စစ်​ကောင်စီတပ်သား ၅ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၆ ရက်နေ့က အင်အား ၁၀၅ ယောက်ဖြင့်တောင်မြင့်ကျေးရွာသို့ ဦးတည်လာသော စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၆၊ SLNL PDF တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် တောင်မြင့်ကျေးရွာတွင်တစ်ညအိပ်ပြီးဇွန်လ ၁၇ ရက်နေ့နံနက်ပိုင်းတွင်တောင်မြင့်ကျေးရွာမှ ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ လမ်းပြခိုင်းကာ ကျားပစ်ကန်ကျေးရွာသို့လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်
၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သစ်ညီနောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် ရွာအဝင်တွင်ထောင်ထားသော မိုင်းများမိ၍ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်၍ ဒုတိယအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လေကြောင်းစစ်ကူရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်။

ထို့နောက်သစ်ညီနောင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာ၏ အနောက်တောင်ဘက်မှ ထွက်လာစဥ် ပြည်သူ၄ဦးနှင့်တွေ့၍ ကြိုးဖြင့်တုပ်နှောင်သွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က အသိပေးသည်။

သစ်ညီနောင်ကျေးရွာလာလမ်းတွင်လက်နက်ကြီးဖြင့်နှစ်ကြိမ်၊ ဆွဲမိုင်းဖြင့်လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ၊ဖားအတောကျေးရွာအလာတွင် လက်နက်ကြီးဖြင့်နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ SLN LPDFနှင့်ဒေသခံညီနောင်မဟာမိတ်တို့ပူးပေါင်းခုခံခဲ့သည်ဟု SLN LPDFက အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် သစ်ညီနောင်ကျေးရွာကအသက် ၅၂ နှစ်အရွယ် ဦးတင်မောင်စိန်အား ပစ်သတ်ခဲ့ပြီးဖားအတောကျေးရွာရှိစာသင်ကျောင်းနှင့် နေအိမ် ၁၀လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဇွန်လ၁၆ရက်နှင့် ၁၇ ရက်နေ့ နှစ်ရက်တာတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က အသိပေးသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)
(စစ်​ကောင်စီတပ်ပစ်ခတ်ခဲ့​သောကျည်အချို့နှင့် ကျန်ခဲ့​​သောလက်နက်အစိတ်အပိုင်းအချို့ ။ဓါတ်ပုံ-SNL LPDF)

“အင်အားကသာလွန်အင်အားနဲ့လာတာ။ ကိုင်းလယ်ရဲစခန်းကိုတက်သိမ်းတာမကြာသေးလို့တန်ပြန်ထိုးစစ်ဆင်တယ်လို့သုံးသပ်ပါတယ်။ ခမရ၃၁၅ကနေလာထိုးတာပါ။ ၄၀မမ၊၆၀မမအပြင်အာပီဂျီ ၉၅ တွေနဲ့ပစ်ခဲ့ကြတာပါ။စစ်ကောင်စီဘက်က သာလွန်အင်အားရောလက်နက်ကြီလက်နက်ငယ်ပါအစုံပါတယ်။”ဟု SLN LPDF တာဝန်ရှိသူက People’s Springသို့ပြောသည်။

စစ်​ကောင်စီတပ်သည် စစ်ကြောင်းထိုး​စဥ်ကျေးရွာများအား ဝင်ရောက်ကာ လက်ဝတ်ရတနာများအားလုယက်ယူဆောင်ခြင်း၊ ကျေးရွာအတွင်း ရှိလူနေအိမ်များ၊မော်တော်ဆိုင်ကယ်
နှင့် ကားများ၊လူအသုံးအဆောင် ပစ္စည်းများနှင့် ဒေသထွက် စပါး၊ ပဲ၊ နှမ်းများကို ဖျက်ဆီးမှု ပြုလုပ်ပြီးကျေးရွာအတွင်းရှိ ကြက် ဝက်များအား သတ်ဖြတ်စားသောက်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး မျိုးထွေးဆိုသူကို ယနေ့နံနက် ၇နာရီခွဲခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

"မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်"ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

သတင်း

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

သတင်း

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် "မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။