Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန်အသွား သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦး ကျဆုံး

ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်​ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။

စဥ့်ကူးမြို့နယ်
စဥ့်ကူးမြို့နယ်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်မှုပြု လုပ်ရန်သွားရောက်စဥ် သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရကြောင်း စဥ့်ကူးမြို့နယ် ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့က အသိပေး​ထုတ်ပြန် သည်။

ဥဒေါင်းမင်းပြောက်ကျားတပ်နှင့် မဟာမိတ်ညီနောင်များသည် ဇွန်လ ၁၅ ရက်က စဥ့်ကူးမြို့နယ် နွယ်ရုံရွာဘက်သို့ ဒလန်ရှင်းလင်းရေး Mession သွားရောက်စဥ် သတင်းပေါက်ကြားကာ စစ်ကောင်စီတပ်၏ စောင့်ကြိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု ဖော်ပြသည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် ဥဒေါင်းမင်းပြောက်ကျား တပ်မှ ခေါင်းဆောင်ဖြစ်သူ ရဲ ဘော်ဝါကြီးနှင့် ရဲဘော်တစ်ဦးအပြင် မဟာမိတ်ညီနောင်များမှ ရဲဘော်လေးဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးအာဇာနည်ညီအစ်ကိုများအတွက် အလေးနီပြုခဲ့ကြောင်း၊ အမိန့်ပြန်တမ်းကို တော်လှန်ရေးအောင်မြင်ချိန်ရောက်မှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်​ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။

“မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော် ရောက်ရှိလာပြီး အဆိုပါဖုန်းများမှတစ်ဆင့် ရွာအတွင်း ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်”ဟု TR က ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စဥ့်ကူးနှင့် မတ္တရာမြို့နယ်ကြားရှိ PDF စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဝင်ရောက်စီနင်း လင်းယုန်တပ်ဖွဲ့မှ ဒုခေါင်းဆောင်ရဲဘော်ဇီးရိုးတူး ကျဆုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိပေါက်မြို့နယ်အတွင်းကျေးရွာပေါင်း ၂ဝ မှလူနေအိမ် ၁၂၃၄လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်းများ မီးရှိူ့ဖျက်ဆီးခံခဲ့ရပြီး အပါအဝင် ပြည်သူ ၅၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

သတင်း

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

သတင်း

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူနှင့် ရဲတပ်သားတို့သည် ပြီးခဲ့သည့်လပိုင်းက လက်နက်နှင့်အတူ CDM ပြုလုပ်သွားသည့်အတွက် ယခင်က အင်းတော်မြို့နယ်ရဲမှူးဟောင်း မောင်မောင်လှတင့်အား ရာထူး လျှော့ကာ မဲဇာသို့ပို့ထားခြင်းဖြစ်သည်။

သတင်း

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကပြောက်ကျားတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာMonywaHero Groupအဖွဲ့ကဗိုလ်လရောင်ဆိုသူသေဆုံးခဲ့ပြီး ပစ္စတို သေနတ်နှစ်လက်လည်း သိမ်းဆည်းရမိသ​ည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများက​ဖော်ပြသည်။