Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်သည့်အဖွဲ့ကို တရားဝင်အသက်သွင်းရန် ကြိုးစားမည့်ရွေးကောက်ပွဲ အောင်မြင်မည် မဟုတ်ဟု NUGပြော

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းစာရှင်းလင်းပွဲ

ယာယီသမ္မတ ပြောကြားထားသည့်အတိုင်း စစ်ရေး၊ နိုင်ငံရေးအရ ချေဖျက်ရန် ဆောင်ရွက်ထား

စစ်ကောင်စီအနေဖြင့် တရားမဝင်သည့်အဖွဲ့ကို တရားဝင်အသက်သွင်းရန် ကြိုးစားသည့် အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်လျက်ရှိရာ လုံး၀အောင်မြင်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံး၀ချေဖျက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးအရဆောင်ရွက်ရန် ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးကျော်ဇောက ပြောသည်။

“စကစလုပ်တဲ့ ရွေးကောက်ပွဲက စကစဆိုတာ လူသတ်သမား ၊ လူသတ်အုပ်စု၊ ရာဇဝတ်ကောင်တွေ။ ရာဇဝတ်ကောင်တွေလုပ်တဲ့ရွေးကောက်ပွဲဆိုတာက ဘယ်လိုမှတရားမဝင်ဘူး။ နံပါတ်တစ်အချက်ပေါ့”ဟု ဦးကျော်ဇောက ပြောသည်။

ထို့ပြင် ပြည်သူလူထုနှင့် တစ်ကမ္ဘာလုံးက မည်သူမျှ စစ်ကောင်စီကို မယုံကြည်ထိုက်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ကိုယ်တိုင်ရေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို သူတို့ချိုးဖောက်ပြီးတော့ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား။ အဲဒီလို အကြမ်းဖက်အဖွဲ့အစည်း၊ အဲဒီလို လူသတ်သမားတွေ လုပ်တဲ့ရွေးကောက်ပွဲက ဘယ်လိုလုပ် တရားဝင်မလဲ။ ဘယ်လိုလုပ်တရားမျှတမလဲ”ဟု ဦးကျော်ဇောက ပြောသည်။

လက်ရှိတွင် ပြည်သူလူထု၏ တောင်းဆိုချက်အရ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြည်သူလူထု ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းထားပြီးဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းရန် လုပ်ဆောင်နေသည့် အရာအားလုံး တရားမဝင်ကြောင်း ၎င်းက ဆိုသည်။

“ ထပ်လောင်းပြီးပြောကြားချင်တာက စကစလုပ်တဲ့ ရွေးကောက်ပွဲက လုံး၀ တရားမဝင်တဲ့ ရွေးကောက်ပွဲ။ သူတို့ရဲ့ အခုတရားမဝင်ဘဲ ရှိနေတဲ့အဖွဲ့ကို သူတို့ တရားဝင် အသက်သွင်းဖို့ ကြိုးစားတာဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတာပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇောက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖက်ဒရယ်ဒီမိုကေရစီ အခြေခံဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒ ရေးဆွဲကာ ၎င်း ဖွဲ့စည်းပုံကို ပြည်သူလူထု အတည်ပြုပြီးပါက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအရ လုပ်မည့် ရွေးကောက်ပွဲ ရှိလာမည်ဟုလည်း ဦးကျော်ဇောက ရှင်းပြသည်။

ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း၊ စစ်အာဏာရှင်၏ ရွေးကောက်ပွဲကို လက်မခံကြောင်းကို သတ္တိရှိရှိ ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်သွားမည်ကို ယုံကြည်ကြောင်း ဦးကျော်ဇောက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် တောက်လျှောက်ကြိုးစားလာခဲ့သော်လည်း စစ်ကောင်စီတပ်က ကိုယ်ကျိုးကြည့်ပြီး ၂၀၀၈ကိုဆွဲကိုင်ထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူ လူထု၏ ကြိုးပမ်း အားထုတ်မှုများလျင်မြန်စွာ ပြီး မြောက်အောင်မြင်နိုင်ပါစေကြောင်း NUGက သဝဏ်လွှာပေးပိုပသည်။

သတင်း

NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။