Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းကိုနှစ်​နေရာ၌မိုင်းဆွဲတိုက်ခိုက်ရာ​သေဆုံးထိခိုက်မှူများဟု PDF​ပြော

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။

(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမှထွက်လာသည့် စစ်​​ကောင်စီတပ်၏ အစီး ၅၀ ကျော်ပါ ယာဥ်တန်းအားနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သားများ​သေဆုံးထိခိုက်များကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၂၁ရက်)နေ့လယ်ပိုင်းက မုံရွာမှ စစ်ကိုင်းသို့ မုံရွာ-မန္တလေး လမ်းမကြီးအတိုင်း အကြမ်းဖက်စစ်တပ်၏ ၅၇စီးပါယာဥ်တန်းသွား​နေစဥ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့နယ်၊ မြေနဲရွာအနီး၌ ၂လုံးဆင့် မိုင်း၃လုံး တပြိုင်တည်းခွဲ၍ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိ၍ မီးခိုးများအူကာ ထိုးရပ်သွားပြီး ကားလေးတစ်စီးမှာ မိုင်းထိ​သောစစ်သား၂ ဦး အား သယ်ဆောင်သွားကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ထပ်ကားကြီးနှစ်စီး အချိန်အနည်းငယ်အကြာတွင် ထပ်မံရောက်ရှိလာပြီး ဒဏ်ရာရအကြမ်းဖက်စစ်သားများအား တင်ဆောင်ကာမိုင်းထိကားအား ဆွဲယူသွားသည်ဟု​ဖော်ပြထားသည်။

ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင်လည်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CHU PDF တို့နှင့်ပူးပေါင်း၍ ၃ လုံးဆင့်ပဒေသာမိုင်း ၁ လုံး၊ ၂ လုံးဆင့်မိုင်း ၃ လုံး၊ မိုင်းအကြီး ၁ လုံးတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နံပါတ် ၄ စီးမြောက်၊ ၁၂ စီး မြောက်နှင့် ၁၃စီးမြောက်ကားများ ထိ၍ မီးခိုးများအူ ထိုးရပ်သွားခဲ့သည်ဟုPDF South Monywaကထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ဒီနေ့စစ်ဆင်ရေးက အောင်မြင်တဲ့စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်ခင်ဗျ။”ဟု PDF South Monywaအဖွဲ့ တာဝန်ရှိသူက ​ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်း-မုံရွာလမ်းများကို ယနေ့ ဇွန် ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်မှစ၍ တစ်​နေ့လုံး ပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြိုတင်မေတ္တာရပ်ခံထားသည်။

ထိုအပြင် ယနေ့နေ့လယ်ပိုင်းကပင် ​မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နယ်အတွင်း နေရာ ၃ နေရာ၌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်း​ဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။

သတင်း

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ် ၊ကရင်နီ (ကယားပြည်နယ် ) ၊ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်မြောက်ပိုင်းတွေမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေရဲ့စိုးမိုးမှု တိုးပွားနေတယ်လို့သိရပါတယ်။

သတင်း

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကြိုတင်တိမ်းရှောင်သွားခြင်းကြောင့် ပျူခေါင်းဆောင်အမည်ခံမျိုးတင့်ဆိုသူသည်လက်နက်များနှင့် အတူထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။