Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်သည့်စစ်ပွဲများ မကြာမီလာမည်ဟု NUG ပြော

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

(သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ (၁၈) ရက်တွင် သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ (၁၈) ရက်တွင် သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာအပြီး ၁နှစ်နီးပါးရှိလာချိန်တွင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်သည့်စစ်ပွဲများ မကြာခင်ကာလအတွင်းဖြစ်လာမည်ဟု NUGသတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

“PDF တွေရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေထဲမှာ readiness ပေါ့။ အရေးကြီးဆုံးက readiness အဆင်သင့်ဖြစ်မှုက ပထမအဆင့်သွားရမှာပါ။ အဆင်သင့်ဖြစ်မှုပြီးမှသာ ဒုတိယ အဆင့်အနေနဲ့ ခုခံတွန်းလှန်စစ်ကနေ တိုက်ခိုက်သိမ်းပိုက်တဲ့စစ်ပွဲပုံစံမျိုးပြောင်းရမှာပေါ့။ အဲဒီအဆင့်ကိုပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာလောက်တော့ ဒီနေရာမှာ ထုတ်ဖော်ပြောဆိုလို့ ရပါတယ်။ ဘယ်အချိန်မှာလာမှာလဲဆိုတာကတော့ စစ်ရေးကိစ္စတွေဖြစ်တဲ့အတွက် ဒါတွေကို ထုတ်ဖော်ပြောဆိုလို့မရဘူး။ ဒါပေမဲ့ အဆင်သင့်ဖြစ်နေပြီးတော့ ဒီကိစ္စ(တိုက်စစ်)တွေ မကြာခင် ဖြစ်လာဖို့ရှိတယ်ဆိုတာလေးတော့ ဖြေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးကို နောက်တဆင့်တက်ကာ ရန်သူကို ခြေမှုန်းသိမ်းပိုက်နိုင်ရေး ပြင်ဆင်ရန် လမ်းညွှန်ခဲ့သည်။

လက်ရှိတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၇ ခု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပါဝင်နေသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF) ၅၀၀ ခန့်ရှိလာပြီဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်း​ဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) စုဖွဲ့မှုမှတစ်ဆင့် ပြည်သူများတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းပြမြေပုံအတိုင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ အတိုင်းလျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် တောက်လျှောက်ကြိုးစားလာခဲ့သော်လည်း စစ်ကောင်စီတပ်က ကိုယ်ကျိုးကြည့်ပြီး ၂၀၀၈ကိုဆွဲကိုင်ထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

သတင်း

"မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်"ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။