Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်​ရေးရဲ​ဘော်များကိုဖမ်းဆီး​အကျဥ်းချရန်စီစဥ်​နေ​သည်ဆိုသောအ​ဆောက်အအုံPDFများတိုက်ခိုက်ဖျက်ဆီး

ထိုအဆောက်အဦးအား ဆောက်လုပ်ပေးနေသူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး ဆက်လက်တည်ဆောက်နေလျှင် ၎င်းတို့အသက်အတွက် အာမခံနိုင်မည်မဟုတ်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မုံရွာမြို့လယ်တစ်​နေရာ-ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(မုံရွာမြို့လယ်တစ်​နေရာ-ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

တော်လှန်ရေးရဲဘော်များအားဖမ်းဆီးအကျဥ်းချရန်ရည်ရွယ်ဆောက်လုပ်နေသည်ဟုဆိုသည့် စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိအဆောက်အအုံတစ်ခုအား ဝင်ရောက်ဖြိုချဖျက်ဆီးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၂၂ရက်နေ့)နံနက်ပိုင်းကမုံရွာမြို့၊ သာစည်ရွာတွင် တော်လှန်ရေးရဲဘော်များအားဖမ်းဆီးပြီးထားရန်ရည်ရွယ်ဆောက်လုပ်နေသည့်အကျဥ်းထောင်သဏ္ဍန်အဆောက်အဦးများကိုပထမဆုံးအကြိမ်သတိပေးဖြိုချဖျက်ဆီးခဲ့ကြောင်း၊ ၄ထပ်အဆောင်တစ်ဆောင်နှင့် ဘက်ဖိုးကားတစ်စီးအား ပထမဆုံးအကြိမ် ဖြိုချဖျက်ဆီးခဲ့ပြီး အလုပ်လုပ်နေသောသူများကိုမူ ပြည်သူအနေဖြင့်လွှတ်ပေးခဲ့ကြောင်း CAFက အသိပေးသည်။

ထိုအဆောက်အဦးအား ဆောက်လုပ်ပေးနေသူများကိုလည်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး ဆက်လက်တည်ဆောက်နေလျှင် ၎င်းတို့အသက်အတွက် အာမခံနိုင်မည်မဟုတ်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Chindwin Attack Force၏ တာဝန်ရှိသူက “အဲဒီထောင်ကဆောက်နေတာကြာပါပြီ။ ပြည်သူတွေကို ဖမ်းဆီးထောင်ချဖို့။ တိုးချဲ့တဲ့အတွက် ခုလိုလုပ်လိုက်ရတာ သတိပေးတဲ့အနေနဲ့။ ထောင်အသစ်အကြီးကြီးဆောက်နေတာကြာပြီ။ခိုးပြီးဆောက်နေတာ၊ ကျွန်တော်တို့မသိဘူးထင်ပြီးသူတို့လုပ်နေတာ။ ဗုံးခွဲဖြိုချပေးခဲ့တာဘက်ဖိုးကားတစ်ဆီးလဲဗုံးခွဲပေးခဲ့ယ်”ဟုPeople’s Springသို့ပြောကြားသည်။

၎င်းအဆောက်အဦးသည်မည်သည့်အဆောက်အဦးဖြစ်ကြောင်း People’s Springအ​နေဖြင့်သီးခြားအတည်ပြု၍ မရသေးပါ။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ အထူးကွန််မန်ဒိုအဖွဲ့(Monywa The Boys)၊ မုံရွာခရိုင် တပ်ရင်း၂ တပ်ခွဲ-၂ Monywa special ဒိတ်ဒိတ်ကြဲအဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ၁သပြေညိုပြောက်ကျားတပ်ဖွဲ့၊ ၊မုံရွာခရိုင်တပ်ရင်း-၄၊ တပ်ခွဲ-၃ ခွေးသတ်မုဆိုးအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

သတင်း

ဇွန်လ၂၀ရက်ညတွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၂၁ရက်)တွင် နေအိမ် ၁၀၀ခန့်ရှိ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်း​ဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။

သတင်း

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။