Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် ဒေါ်လာ သန်း ၃၀၀ နီးပါး ကနေဒါ သုံးစွဲမည်

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ကနေဒါ
ကနေဒါ

ကနေဒါသည် ရိုဟင်ဂျာအရေးနှင့် မြန်မာ့အကျပ်အတည်းများကို တုံ့ပြန်ရန် လာမည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၈.၃ သန်း သုံးစွဲမည်ဟု ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါ၏ အဆိုပါမဟာဗျုဟာ နောက်ဆက်တွဲသည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် အခြားထိခိုက်ခံရသူများ၏ လတ်တလော အရေးပေါ် အကျပ်အတည်းများတုံ့ပြန်ရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို အားကောင်းစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လက်ရှိဖြစ်ပွားနေသော ရိုဟင်ဂျာအရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းများနှင့်ပတ်သက်၍ ကနေဒါက လွန်စွာစိုးရိမ်ပူပန်နေဆဲဖြစ်သည်။ မြန်မာစစ်အစိုးရသည် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ရန်နှင့် အာဆီယံ၏ ဘုံသဘောတူ ညီချက်ငါးရပ်ကို အကောင် အထည်ဖော်ရန် ဆောင်ရွက်ရမည်ဖြစ်သည်” ဟု ကနေ ဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောသည်။

ကနေဒါသည် မြန်မာလူထု၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံတွင်ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနှင့် ရိုဟင်ဂျာများနှင့် အခြားအသိုက်အဝန်းများအပေါ် ကျုးလွန်ထားသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသည်။

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် လူသားချင်းစာနာမှု အကူအညီများပေးရန် ဒေါ်လာ ၁၅.၃သန်းနှင့် မြန်မာနိုင်ငံတွင် ၂၀၂၂ အတွင်း ရိုဟင်ဂျာများအပါအဝင် အထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အတွေ့အကြုံရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများကို ပံ့ပိုးရန် ဒေါ်လာ ၁၀.၃သန်း ကို ခွဲဝေချထားပြီး ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရထံ ပြည်သူလူထုက နည်းပေါင်းစုံဖြင့် ထည့်ဝင်ထောက်ပံ့နေမှုကြောင့် တော်လှန်ရေးသည် အခုအချိန်ထိ လျင်မြန်စွာ တိုးတက်ပြီး အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ၁၀၀နှင့် ၁၅၀အထိ ပါဝင်ဖွဲ့စည်းမည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းရန် မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်သူ ဗိုလ်နဂါးက စီစဥ်နေပြီး လိုအပ်သော စစ်လက်နက်ပစ္စည်းများနှင့် ယူနီဖောင်းများအတွက် အမေရိကန်ဒေါ်လာလေးသိန်းခွဲ လိုအပ်နေသည်ဟု ဗိုလ်နဂါးက ဇွန်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံတွင် လွတ်လပ်သောတရားခွင်ဖြစ်ပေါ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ်စိုးရိမ်ပူပန်ကြောင်းလည်း ကနေဒါက ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာ အနည်းဆုံး ၉ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းသမား ၁၁၅ဦး ဖမ်းဆီးခံခဲ့ရကာ ၅၇ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။