Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း
CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်ကြားမှ စစ်သည်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း

ရှေ့တန်းစခန်းများ၌ စစ်သည်များ CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ဗိုလ်ကြီးများက ခြိမ်း ခြောက်နေကြောင်း ဇွန် ၂၁ ရက်တွင် CDM ဝင်ရောက်လာသူ စစ်သည်တစ်ဦးက ပြည်သူ့ပန်းတိုင်သို့ ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၃၈) မှ စစ်သည်တစ်ဦး ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေတစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ယမန်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်။

အထက်ပါစခန်းမှ လက်နက်ပြင်စစ်သည်တစ်ဦး CDM ပြုလုပ်ကာ စွန့်ခွာသွားစဉ်တွင် စခန်းတွင်ကျန်ခဲ့သည့် စစ်သည်များအား ထိုသို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပစ်သတ်မည်ဟု တပ်ခွဲမှူး ဗိုလ်ကြီး ကိုကိုဝင်းနှင့် ဗိုလ်ကြီးကျော်ဇင်ဦးတို့က ခြိမ်းခြောက်ခဲ့ကြောင်း CDM ဝင်လာသူ စစ်သည်ကပြောသည်။

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သတင်း

"ကျွန်တော်တို့ရဲဘော်တွေ ကျန်းမာမှ ဖြစ်ပါမယ်။ ကျန်းမာမှ အင်ပြည့်အားပြည့် တိုက်ပွဲဝင်နိုင်ပါမယ်"ဟု CDM Medical Network က ပြော သည်။

သတင်း

ဆရာကြီး၊ ဆရာမနှင့် ဆရာမ၏ ရင်သွေးတို့ ငြိမ်းချမ်းစွာ အနားယူပါကြောင်း ပြောကြားရင်း လေးမြတ်စွာ ဦးညွှတ် ဂုဏ်ပြုလိုက်ကြောင်း၊ ဘ၀ဆက်တိုင်း ယခုကဲ့ သို့ အဖြစ်ဆိုးမျိုးနှင့် ကင်းဝေးပါစေကြောင်း သန်လျင်ပညာရေးဘုတ်အဖွဲ့ ဆုတောင်းပေးခဲ့သည်။