Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်အက်ဥပဒေနဲ့ နေပြည်တော်ထောင် တရားရုံးမှာ မနက်ဖြန် စစ်ဆေးမယ်

အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာနေပြည်တော် အချုပ်ထောင်ကတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့သိရပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ဆောက်လုပ်ထားတဲ့တရားရုံးပြီးစီးပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ ကို အဲဒီတရားရုံးမှာပြောင်းရွှေ့စစ်ဆေးမှာကို တရားရုံးက မနေ့က အသိပေးထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင် ဆီ ပို့လိုက်တယ်လို့သတင်းတွေ ထွက်လာခဲ့ပါတယ်။

နေ့လယ်ပိုင်း ၂ နာရီလောက်က နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တာလို့ သတင်းတွေထွက်နေတာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

မနက်ဖြန် နေပြည်တော်အချုပ်ထောင်က တရားရုံးမှာ ပထမဦးဆုံးရုံးထုတ်စစ်ဆေးမယ့် အမှုကတော့ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသားပါမောက္ခရှောင်တာနယ်နဲ့ဆက်စပ်တဲ့အမှုဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ နေပြည်တော်ထဲက နေရာတစ်နေရာကိုစစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ဇွန်လ ၁၉ ရက်ဖြစ်ပြီး မနေ့ကတော့ မြန်မာပြည်သူတွေဟာ လူမှုကွန်ရက်ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတာပါတယ်။

သတင်း

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

သတင်း

ပြည်သူ့စွမ်းအားတပ်ပေါင်းစုကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး “အမေစုနှင့်တကွမတရားဖမ်းဆီးခံထားရသောသူများအားလုံး မြန်မာတပြည်လုံးအမြန်ဆုံးအာဏာရှင်လက်အောက်မှလွတ်မြောက်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။