Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံး​သောခင်ဦးတိုက်ပွဲဓါတ်ပုံများထပ်မံထုတ်ပြန်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

●​သေနတ်၁၁လက်သိမ်းဆည်းရရှိခဲ့ဟုNLGRFမှတာဝန်ရှိသူ​ပြော

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက်မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့ကလာ​သော စစ်ကောင်စီတပ်၊ရဲနှင့်ပျူ​စောထီးများကို PDFများကတိုက်ခိုက်ရာ ၁၄ ဦး​သေဆုံးခဲ့​သောတိုက်ပွဲမှ သတင်းဓါတ်ပုံမျာကို PDF များက ယ​နေ့ည​နေတွင် ထပ်မံထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NLGRF က ယနေ့ ဇွန်လ ၂၂ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

ခင်ဦးမြို့မှ ထွက်လာသော စခ၊ ပျူများကို မိမိတို့ N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ဘက်က ၁၄ဦးသေဆုံးခဲ့ရာ ၃ပွင့် နှင့် အရာရှိတစ်ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

NLGRF၏ ထုတ်ပြန်ချက်တွင် ကားတစ်စီးပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးနေသည့် စစ်ကောင်စီ လက်ပါးစေ တပ်ဖွဲ့ဝင်များ နှင့်ဒုရဲမှူးအဆင့်ရှိ သူ တစ်ဦး၏ အဆောင်အယောင်တံဆိပ်များကို ဖော်ပြထားသည်။ ဒုရဲမှူး၏ ရင်ဘတ်တွင်ထိုး​သောအမည်တံဆိပ်တွင် စိုးထွဋ်နိုင်ဟု​ရေးသားထားသည်ကို​တွေ့ရသည်။

ပြည်သူ့ရဲဘော်နှစ်ဦးကျည်ထိမှန်ခဲ့သော်လည်းမစိုးရိမ်ရကြောင်း Narapati Local Guerrilla Revolution Forceက အသိပေးသည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Narapati Local Guerrilla Revolution Forceအဖွဲ့ တာဝန်ရှိသူက”ကားပေါ်ပါလာတဲ့ အရာရှိကတော့အနောက်ခန်းထဲမှာပဲ သေဆုံးခဲ့တာပါ။တိုက်
ခိုက်ပြီးအနောက်ကနေစခတွေ စစ်ကူလာလို့အကုန်ပြန်ဆုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ထပ်ပြီး ထိုးစစ်ဆင်နိုင်ဖို့ရာပြည်သူတွေအနေနဲ့ ကူညီပေးဖို့ပြောချင်ပါတယ်။”ဟုပြောသည်။

ထိုအပြင် စစ်​ကောင်စီတပ်၊ရဲနှင့်ပျူ​များထံမှ ​MA2 နှင့် G3 အမျိုးအစား​သေနတ် ၁၁လက် သိမ်းဆည်းရမိခဲ့​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း

ယခု ဒေသခံ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ရခိုင်ဒေသသို့ လာရောက်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာသည်ဟု ဒေသခံက ပြောသည်။

သတင်း

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။