Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် CDM ဆရာ၊ ဆရာမနှစ်ဦးအား ဂုဏ်ပြုဦးညွတ်ကြောင်း သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

ဆရာကြီး၊ ဆရာမနှင့် ဆရာမ၏ ရင်သွေးတို့ ငြိမ်းချမ်းစွာ အနားယူပါကြောင်း ပြောကြားရင်း လေးမြတ်စွာ ဦးညွှတ် ဂုဏ်ပြုလိုက်ကြောင်း၊ ဘ၀ဆက်တိုင်း ယခုကဲ့ သို့ အဖြစ်ဆိုးမျိုးနှင့် ကင်းဝေးပါစေကြောင်း သန်လျင်ပညာရေးဘုတ်အဖွဲ့ ဆုတောင်းပေးခဲ့သည်။

သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
သံလျင် ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်

▪️အာဏာရူးအကြမ်းဖက်စစ်အုပ်စုကျရှုံးသည်အထိတော်လှန်ရေးခရီး၌ ဆက်လက်တိုက်ပွဲဝင်မည်ဟု ဖော်ပြ

မကွေးတိုင်း ရေစကြိုမြို့နယ်၌ အာဏာသိမ်း စစ်ကောင် စီတပ်က ဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်သည့် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်နှင့် CDM ဆရာမ ဒေါ်ခင်နှင်းဝေ(ကိုယ်ဝန် ၅လ လွယ်ထားရသူ) တို့ကို ဝမ်းနည်းစွာ ဂုဏ်ပြုဦးညွတ်ကြောင်း သံလျင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည်CDM ဆရာ၊ CDM ဆရာမနှင့် သူနာပြု ဆရာမ အပါအဝင် ၅ဦးကို ဇွန်လ ၁၁ရက်က ရေစကြိုမြို့နယ်မှာ ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့်ကျဆုံးခဲ့ရသည့် ဆရာကြီးဦးဝင်းကျော်သည် မြိုင်မြို့နယ် မကျီးစုရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ အလယ်တန်း ကျောင်းအုပ်ဖြစ်ပြီး ဆရာမဒေါ်ခင်နှင်းဝေသည် ရေစကြိုမြို့နယ် နိပဆေးတောကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းပြ ဖြစ်ကြောင်း၊ ဆရာနှင့် ဆရာမတို့သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ပြီး ပြည်သူနှင့်တသားတည်း ရပ်တည်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်က ဆရာကြီးနှင့် ဆရာမတို့ကို အဓမ္မဖမ်းဆီးပြီး လူမဆန်စွာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ခြင်းကို ကြားသိရင သန်လျင်ပညာရေး ဘုတ်အဖွဲ့နှင့် CDM ဝန်ထမ်းများက ကာယကံရှင် မိသားစုများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်သည်။

ဆရာကြီး၊ ဆရာမနှင့် ဆရာမ၏ ရင်သွေးတို့ ငြိမ်းချမ်းစွာ အနားယူပါကြောင်း ပြောကြားရင်း လေးမြတ်စွာ ဦးညွှတ် ဂုဏ်ပြုလိုက်ကြောင်း၊ ဘ၀ဆက်တိုင်း ယခုကဲ့ သို့ အဖြစ်ဆိုးမျိုးနှင့် ကင်းဝေးပါစေကြောင်း သန်လျင်ပညာရေးဘုတ်အဖွဲ့ ဆုတောင်းပေးခဲ့သည်။

သန်လျင်ပညာရေးဘုတ်အဖွဲ့ CDM ပညာရေးမိသားစုများ အနေဖြင့် အာဏာရူးအကြမ်းဖက်စစ်အုပ်စု ကျရှုံး သည်အထိ တော်လှန်ရေးခရီး၌ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ထွန်းသည်အထိ ပညာနှင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း သန်လျင်ပညာရေးဘုတ်အဖွဲ့က ကတိသစ္စာပြုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။

သတင်း

ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ပစ်ခတ်ခံရပြီးနောက် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

သတင်း

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးခန့် ဆေးရုံသို့ ရောက်ရှိကြောင်း သတင်းရရှိ ကြောင်း ဖော်ပြထားသည်။