Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်​ဂေါ-ကလေးလမ်းမတစ်​လျှောက် လျှပ်တပြက်မြင်ကွင်းပုံရိပ်များ

စစ်ကောင်စီတပ်များမိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာလျှင် အညှိုးတကြီး မီးရှို့ဖျက်ဆီးခဲ့​သောကျေးရွာများကိုလည်းဝမ်းနည်းဖွယ်ရာကြိုကြားကြိုကြား​တွေ့ရတက်သည်။

စစ်​ကောင်စီတပ်ကားကိုPDF များမိုင်းခွဲတိုက်ခိုက်ခဲ့ရာကားအပျက်အစီးကိုလမ်း​ဘေးတွင်ယခုအတိုင်း​​တွေ့ရသည်။
စစ်​ကောင်စီတပ်ကားကိုPDF များမိုင်းခွဲတိုက်ခိုက်ခဲ့ရာကားအပျက်အစီးကိုလမ်း​ဘေးတွင်ယခုအတိုင်း​​တွေ့ရသည်။

ဂန့်​ဂေါမြို့ကထွက်၍ က​လေးဘက်သို့ထွက်လာ​သည်နှင့်လမ်းတစ်​လျှောက် အာဏာသိမ်းစစ်​ကောင်စီ၏ အရိပ်အ​ယောင်ကိုပင်မမြင်ရ​တော့​။မိုင် ၁၀၀ ဝန်းကျင်ကွာ​ဝေး​သောဂန့်ဂေါမြို့- ကလေးမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးတစ်​လျှောက်​ပေတရာလမ်း​ဘေး​နေရာအချို့တွင် ချိုင့်ခွက်များ၊ ​ပေတရာလမ်းချိုင့်ခွက်အချိုမှအပင်​များပေါက်​​နေ​သော​နေရာများကို ​တွေ့ရသည်။ လမ်း​ပေါ်တွင် ယာဥ်အသွားအလာနည်းပြီး သွားလာ​နေ​သော​ဒေသခံများမှာလည်း ​​​ကျန်​​ဒေသများနှင့်မတူ ​အေး​အေးလူလူသွားလာ​နေကြသည်။

အဆိုပါလမ်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ထိုသို့ထိန်းချုပ်ထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။

ထိုလမ်းမတွင်ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုများအားကောင်းနေခြင်းကြောင့် စစ်ကောင်စီတပ်များက မော်တော်ယာဉ်သာမက ခြေလျင်စစ်ကြောင်းပါမသွားရဲ​တော့​သောလမ်းမတစ်ခုလည်းဖြစ်သည်။

လမ်းတလျှောက်​တွေ့ရ​သောချိုင့်များမှာစစ်ကောင်စီတပ်များ၏ ကားတန်းများကို မိုင်းဆွဲတိုက်ခိုက်သည့် မိုင်းတွင်းများဖြစ်သည်။ ထိုအပြင် စစ်ကောင်စီတပ်၏ မိုင်းထိထားသော ကားအပျက်အစီးများကိုလည်း လမ်း​ဘေးတွင် မကြာခဏ​တွေ့ရသည်။

စစ်ကောင်စီတပ်များမိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာလျှင် အညှိုးတကြီး မီးရှို့ဖျက်ဆီးခဲ့​သောကျေးရွာများကိုလည်းဝမ်းနည်းဖွယ်ရာကြိုကြားကြိုကြား​တွေ့ရတက်သည်။

စစ်​ကောင်စီတပ်ကားများကို PDF များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ချိူင့်ဖြစ်​နေ​သော​နေရာတွင်သစ်ပင်များပင်​ပေါက်​နေပြီဖြစ်သည်။
စစ်​ကောင်စီတပ်ကားများကို PDF များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ချိူင့်ဖြစ်​နေ​သော​နေရာတွင်သစ်ပင်များပင်​ပေါက်​နေပြီဖြစ်သည်။

ယခုအချိန်တွင် မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးထားသည် အဓိက လမ်းမကြီး၌ သွားလာသူအနည်းငယ်သာရှိ၍ ခြောက်ကပ်နေသည်။ ဒေသခံများကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ဟိုတစ၊ သည်တစ လုပ်ကိုင်နေကြသည်။ အဓိကအားဖြင့်မ​ကွေးတိုင်း၏ အဓိက စိုက်ပျိုးသီးနှံဖြစ်​သော နှမ်းများကိုစိုက်ပျိုးထားကြခြင်းဖြစ်သည်။

သို့​သော်မီးရှို့ဖျက်ဆီးခံထားရ​ပြီး ​​ဒေသခံအများစုတိမ်း​ရှောင်​ခဲ့ရ​သောရွာအချို့အနီးဝန်းကျင်တွင် ယခုမိုးရာသီသီးနှံများမစိုက်ပျိုးနိုင်ကြ​ပေ။

ဂန့်​ဂေါနှင့်က​လေးလမ်းတွင် မြို့ ​ပေါ်နှင့် မြို့အနီး​နေရာအချို့ကိုသာစစ်​ကောင်စီတပ်ရှိပြီးထိန်းချုပ်ထားနိုင်ပြီး လမ်းတစ်​လျှောက်မှာ ​ဒေသခံPDF များကထိန်းချုပ်ထားသည်။ ထို​ကြောင့်လမ်း​တစ်​လျှောက်အာဏာသိမ်းစစ်​ကောင်စီ စစ်သားများ ၊ရဲများကို​ယောင်လိုပင်မ​တွေ့ရ​ပေ။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က စစ်ကိုင်းတိုင်းနှင့် မ​ကွေး​မြောက်ပိုင်းရှိ လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟု​​ပြောကြားမှုကို ​လေလုံးထွားလွန်းသည်ထင်လျှင် ဂန့်​ဂေါ-က​လေးလမ်းကို ​ရောက်လျှင် သင့်အမြင်​ပြောင်လဲသွားမည်ဖြစ်သည်။

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကိုသာ​လမ်းတွင်တွေ့ရသည်။

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များမှာကားလမ်း​ပေါ်သွားလာချိန်တွင် ​ဒေသခံများက ​ကြောက်လန့်ခြင်းမရှိဘဲ ရင်းနှီးစွာ​ပြောဆိုဆက်ဆံကြသည်။

“စခ​တွေက စစ်​ကြောင်းထိုးရင် ဒီလမ်းမကြီးကို လာကိုမလာရဲဘူး။​တောလမ်းနဲ့ လမ်းကွင်း​​​တွေထဲကပဲ စစ်​ကြောင်းထိုးရဲတယ်။ ​နောက်လလယ်​လောက်ဆိုရင် နှမ်းပင်​​​တွေကြီးလာရင် သူတို့ လယ်ကွင်းထဲကို ဖြတ်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီအချိန်​ယောနယ်ဘက်ကို စစ်​ကြောင်းထိုးရင် ဒီလမ်းတစ်လမ်းဘဲ သုံးရ​တော့မှာ အဲ့အချိန်ကြ လာရဲလာခဲ့​ပေါ့”ဟု ​ကျေးရွာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​ခေါင်း​ဆောင်တစ်ဦးက​ပြောသည်။

လမ်းတစ်​နေရာတွင် “မင်း​အောင်လှိုင်အလိုမရှိ” ဟု​ရေးထား​သော စာတမ်ကို​တွေ့ရသလို ၊ “We want Democracy” စာတမ်းကိုလည်း​တွေ့ရသည်။ စစ်အာဏာရှင်အလိုမရှိခြင်းနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ခြင်း၏ သ​င်​ကေတများဖြစ်သည်။ ​ဒေသခံပြည်သူများ၏ ပြင်းပြ​​သောစိတ်ဆန္ဒ၊ ဇွဲသတ္တိလုံးလနှင့်ကြိုးစာရုန်းကန်တိုက်ပွဲဝင်ခြင်းတို့၏ရလာဒ် မှာ နယ်​မြေကြမ်းတမ်းသော်လည်း လွတ်လပ်မှု၏အသီးအပွင့်တို့ကို မြင်​နေရပြီဖြစ်​​လေသည်။

ဓါတ်ပုံ-People’s Spring

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၌ သပိတ်ကော်မတီဝင်များက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို လုပ်ဆောင်ခဲ့ကြပြီး၂၀၀၈ ခြေဥအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်သားများမှာအထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးထပ်မံ၍တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်း(ယောဒေသ)က တိုက်တွန်းသည်။

သတင်း

စစ်ကောင်စီတပ်နှင့် PDF(ကလေး)တို့ကြား မေ ၂၈ ရက်မှ မေ ၃၁ ရက်အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။