Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုကြောင့်အာဆီယံ၏ကုန်သွယ်ရေးဆွေးနွေးမှုများကိုနှောင့်နှေးစေဟု မလေးရှားပြော

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)
(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျပ်အတည်းကြောင့် အာဆီယံနိုင်ငံများနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများသည် နှောင့်နှေးခဲ့ရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇွန် ၂၀ ရက်တွင် ပြောသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဘုံသဘောတူဆုံးဖြတ်ချက်အပေါ် အခြေခံထား၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏အတည်ပြုချက်ပျက်ကွက်မှုမှာ အတားအဆီးဖြစ်စေနိုင်ပြီး အာဆီယံ၏ညှိနှိုင်းမိတ်ဖက်များနှင့်အလားအလာရှိသောသဘောတူညီချက်များတွင် မြန်မာကအနှောင့်အယှက် ဖြစ်နေခြင်းဖြစ်သည်။

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

အာဆီယံသည်ဘုံဆုံးဖြတ်ချက် ၅ရပ်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိသည့်မြန်မာစစ်ကောင်စီကို၎င်း၏ထိပ်သီးအစည်းအဝေးများအပါအဝင်နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ တွင် အာဏာသိမ်းစစ်​ကောင်စီကို ဖယ်ချန်ထားသည်။

ထို့အတွက် အာဆီယံသည် ဥရောပသမဂ္ဂ နှင့် အခြားသော ဆွေးနွေးဖက်နိုင်ငံများနှင့် ကုန်သွယ် ရေးတိုးမြှင့်နိုင်ခြင်းမရှိကြောင်းနှင့် ယင်းသည် အာဆီယံအတွက် မျှတခြင်းမရှိကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာစစ် ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယခရီးစဉ်လာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း NUG ၊ NUCC တို့နှင့် ထိတွေ့ဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ကိုမဖိတ် ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ဇွန်လ ၁၅ ရက် ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။

သတင်း

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နယ်သာလန်နိုင်ငံ ဘရေဒါမြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာများအား ဆွမ်းကပ်လှူဒါန်း ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

သတင်း

“မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။