Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးပြည်သူများဖြတ်သန်းသွားလာမှုမလုပ်ရန် PDF များအသိ​ပေး

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(က မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီး၏မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးအား ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။

ပြည်သူများအနေဖြင့် ယခုရက်ပိုင်း ခင်ဦးလမ်းပိုင်အားလုံး အသုံးမပြုကြပါရန်နှင့် လမ်းပိုင်းအားလုံး သွားလာခြင်း ခေတ္တ ရပ်နားထားပေးကြပါရန် အထူး မေတ္တာရပ်ခံကြောင်း ခင်ဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့က ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ယာဥ်တစ်စီးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့သည်။ ထို့နောက်ယနေ့တွင် အကြမ်းဖက်စစ်တပ်က ခင်ဦးနယ်အတွင်း ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကိုးတန်းကျောင်းသားတစ်ဦးသတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ယနေ့ ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ် လှုပ်ရှားနေကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ညပိုင်းမှ နံနက်ဖြန် နံနက် ၅ နာရီမတိုင်ခင်အထိမည်သည့်ယာဉ်၊ မည်သည့်အကြောင်း
ပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးသည်။

ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်းPDFSouth Monywaက ပြောသည်။

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း - ၁၀ ၊တပ်ရင်း - ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...

သတင်း

တိုက်ပွဲတွင်ပြင်းထန်ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ဗန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

သတင်း

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

သတင်း

Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး - ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။