Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ပန်း​တောင်း​ကြေးနီစီမံကိန်းတိုက်ခိုက်မှုတွင်စစ်​ကောင်စီတပ်သား၅ဦးထက်မနည်း​ထိခိုက်ဒဏ်ရာရရှိ​ကြောင်းအမိ​မြေ​တော်လှန်​ရေးအဖွဲ့​ပြော

“အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့​ပြောသည်။

(ဇွန်လ၂၂ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းရှိစစ်​ကောင်စီတပ်အား ဒေသတွင်းPDFများက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေစဥ်)
(ဇွန်လ၂၂ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းရှိစစ်​ကောင်စီတပ်အား ဒေသတွင်းPDFများက လက်လုပ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း)ကင်းငယ်စခန်း တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီးအတွင်း၌​ဆေးကုသ​နေကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ရက်၊ ည (၉)နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားငါးဦးခန့် ကုမ္ပဏီအတွင်းဆေးရုံတွင် ကုသမှုခံနေရကြောင်းသတင်းအား ဖုံးကွယ်ထားကြောင်း အတွင်းလူမှ သတင်းပို့သည်ဟုအမိမြေတော်လှန်ရေးတပ်ဖွဲ့က ယမန်​နေ့ညတွင်အသိပေးသည်။

“အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Spring သို့​ပြောသည်။

ကင်းငယ်စခန်းအားတိုက်ခိုက်မှုတွင်စစ်​ကောင်စီတပ်သား ၅ ဦးခန့်ရှိ​​သော်လည်း​သေနတ် ၆ ချက်သာ ပြန်ပစ်နိုင်​​ကြောင်းသိရသည်။

ထိုအပြင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်)လုပ်ငန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီးဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများနှုတ်ထွက်ကြရန် အမိမြေတော်လှန် ရေးတပ်ဖွဲ့က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်ကုမ္ပဏီ)ကို အခြေပြုပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများအားလုယက်ခိုးယူခြင်း၊ဖျက်ဆီးခြင်းများပြုလုပ်နေ​သည်။

ဝမ်ပေါင်ကုမ္ပဏီအခြေစိုက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဇွန်လ ၂၂ရက်ညနေ၆နာရီခွဲခန့်ကအမိမြေ‌တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force (YPF ) ၊ Regional Friend Fighters (RFF) နှင့် ချိုမိုင်မိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်ရှော့ဒုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ကအသိပေးသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် ဝမ်ပေါင်​ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်တပ်သည်ဇွန်လ ၂၁ရက်က ဆားလင်းကြီးမြို့နယ်၊ မြန်မာ – ဝမ်ပေါင်ကုမ္ပဏီအနီးရှိ မိုးကြိုပြင်မြောက်ရွာအား ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပြည်သူနှစ်ဦးကိုလည်းလည်လှီးလက်ဖြတ်ကာမီးရှို့သတ်ဖြတ်သွားကြောင်း SBTFအဖွဲ့က ထုတ်ပြန်ထားသည်။ ထို​ကြောင့်ဒေသခံ PDFများကလက်တုံ့ပြန်တိုက်ခိုက်​နေခြင်း ဖြစ်​ကြောင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)မှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

သတင်း

"အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။"ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

သတင်း

“မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ​သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ ​နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့​သေးသည်။