Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိနှစ်ဦးကျည်ထိမှန်သေဆုံး

“အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။”ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦးအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်၌ ယမန်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ၂၃ရက်) ည၉နာရီခန့်က ချောင်းဦးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး (၇)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် နေအိမ် သုံးလုံးထိမှန်ခဲ့ပြီး ကျောင်းရွာရပ်ကွက်နေ ဒေါ်ပေါက်နှင့် သမီးဖြစ်သူ မဝါမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်သော အခြားနေအိမ်များတွင်လည်း ပြည်သူများဒဏ်ရာအများအပြား ရရှိထား​ကြောင်း ChaungU Revolutionက အသိပေးသည်။

“အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။”ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဇွန်လ၂၃ရက် နေ့လယ်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များ ခပ်စိပ်စိပ်လှုပ်ရှားနေကြောင်း၊ ယနေ့နံနက် ၅ နာရီမတိုင်ခင်အထိ မည်သည့်ယာဉ်၊ မည်သည့်အကြောင်းပြချက်နှင့်မျှ မည်သူတစ်ဦးတစ်ယာက်မျှဖြတ်သန်းသွားလာခြင်းမပြုကြရန် PDFSouth Monywaက သတိပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)မှ အရာရှိတစ်ဦး ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

သတင်း

"အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်"ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People's Spring သို့​ပြောသည်။

သတင်း

“မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ​သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ ​နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့​သေးသည်။