Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဒေသကာကွယ်ရေးတပ် ဝင်ရောက်ဖမ်းဆီး

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဓာတ်ပုံ - ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ဓာတ်ပုံ - ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနှင့် မင်းဒပ်ကျေးရွာကြား၌ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂၃ ရက်) ညနေ ၃နာရီခန့်တွင် အဆိုပါမူးယစ်ဂိုဏ်းအားဝင်ရောက်စီးနင်းရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊အိုက်စ် ၁၆တောင့် ၊ အထုပ် ၃ထုပ်အပါအဝင် ဟန်းဖုန်း ခုနစ်လုံး၊ ပုဆိန် နှစ်လက် ပူးတွဲပုံပါ ပစ္စည်းများအပါအဝင် ငွေသား ၉၅၂,၉၀၀ကျပ်(ကိုးသိန်းငါးသောင်းနှစ်ထောင့်ကိုးရာကျပ်)ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

သိမ်းဆည်းရမိသော WY စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀နှင့် အိုက်စ် ၁၆တောင့် အထုပ်သုံးထုပ်ကို ပြည်သူ့ရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့သည်။

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

သတင်း

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း(တရုတ်ဝမ်ပေါင်လုပ်ငန်း)ဆိုက်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ​ဖြစ်ပွားနေသည်။

သတင်း

ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း - ၁၀ ၊တပ်ရင်း - ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...