Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က တမူးမှပြည်သူသုံးဦးကိုသတ်ဖြတ်သွား

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က သတ်ဖြတ်ခဲ့​သော တမူး​ဒေသခံပြည်သူနှစ်ဦး၏ရုပ်အ​လောင်းကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က သတ်ဖြတ်ခဲ့​သော တမူး​ဒေသခံပြည်သူနှစ်ဦး၏ရုပ်အ​လောင်းကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်နှင့် ခွန်မွန်နွန်ရွာ အကြားတွင် ဒေသခံလူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း PDF (တမူး)က တာဝန်ရှိသူကပြောသည်။

​ဒေသခံလူငယ် ၃ ဦး၏ ရုပ်အလောင်းကို ယနေ့မနက်က ခွန်မွန်းနွန်ကျေးရွာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသည့် လူငယ် ၃ ဦးတွင် ရန်လင်းဖိုင်ရွာမှ နှစ်ဦး၊ ခွန်မွန်းနွမ်ရွာမှ တစ်ဦးဖြစ်သည်ဟု PDF(တမူး) တပ်ရင်း ၃ မှ တာဝန်ရှိသူကပြောသည်။

“ကလေးဘက်က တက်လာတဲ့ ကားတွေ(စစ်​ကောင်စီတပ်ကား​​တွေ)က ရန်လင်းဖိုင်ရွာကို မီးရှို့ပါတယ်၊ပြီးဆက်လာတော့ မိုင်းဆွဲခံရတာပါ”ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ဇွန် ၂၃ ရက် ညနေ့ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် စစ်ကောင်စီတပ်ကရန်လင်းဖိုင်ကျေးရွာမှနေအိမ် ၄လုံးကို မီးရှို့ခဲ့ပြီး​သေနတ်ဖြင့်လည်းပစ်ခတ်ခဲ့သည်။ စစ်တပ်ကအကြမ်းဖက်မှုကြောင့် ​ဒေသခံရွာသား ၂၀၀ ခန့်သည် အိန္ဒိယ နယ်စပ်ကို ထွက်ပြေးသွားကြသည်ဟု ဒေသခံများကပြောသည်။

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

သတင်း

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

သတင်း

“ဒီနေ့ မြောက်ဦးမှာလည်းဖမ်းတာတွေ စစ်ဆေးတာတွေရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင် ၊ မောင်တောတို့ အငူမော်ကားလမ်းတို့ နောက် အခြား မြို့အဝင်အထွက်တွေမှာ အရင်ထက်စာရင်အများကြီး စစ်ဆေးမှုတွေ တင်းကြပ်လာတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။