Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှပ်မိုင်းနှင့် စစ်လက်နက် ပစ္စည်းများကြောင့် ကလေးငယ် ၁၁၅ ဦးသေဆုံးဒဏ်ရာရဟု ယူနီဆက်ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဗုံးသီးပေါက်ကွဲမှုကြောင့် အသက်ခုနစ်အရွယ် ကလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ယူနီဆက်ကထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

ဓာတ်ပုံ - UNICEF Myanmar/Nyan Zay Htet
ဓာတ်ပုံ - UNICEF Myanmar/Nyan Zay Htet

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးငယ် ၁၁၅ဦး ထိသေဆုံးခဲ့ရကြောင်း ယူနီဆက်မြန်မာက ယနေ့(ဇွန် ၂၄)ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဗုံးသီးပေါက်ကွဲမှုကြောင့် အသက်ခုနစ်အရွယ် ကလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ယူနီဆက်ကထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ယခုနှစ်(၂၀၂၂) ဇန်နဝါရီမှ ဧပြီလအတွင်း၌ပင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက် နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသည့် ကလေးငယ် ၄၇ဦးရှိခဲ့သည်ဟု ဆိုသည်။

“မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း (UXO) များသည် မြန်မာ နိုင်ငံရှိ ကလေးငယ်များစွာကို အသက်ဆုံးရှုံးစေခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပါသည်”ဟု ယူနီဆက်က အသိပေးသည်။

ထို့ကြောင့် ထိခိုက်နစ်နာသူများအတွက် အကူ အညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ(UXO)ကို ရှင်းလင်းကြရန် မေတ္တာရပ်ခံ သက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်တွင် ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/NA (CNDF) ရဲဘော် နှစ်ဦး၊ PDF Kalay ရဲဘော် တစ်ဦး၊ စုစုပေါင်း လေး ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်။

သတင်း

"အရေးပေါ်ပါ။ အခြေအနေလုံးဝမကောင်းပါ။ မုံရွာတောင်နယ် တစ်ခုလုံးစစ်ကြောင်းထိုးနေတယ်။ မြေနဲမှာလည်းအစောပိုင်းက အိမ်တွေထဲထိဝင်မွှေနေတာ။ လက်ရှိချောင်းဦး အောင်ချမ်းသာနားမှာခွေးတွေလက်နက်ကြီးနဲ့ရမ်းထုတာ အမျိုးသမီး သုံးဦး၊အမျိုးသားတစ်ဦး ထိသွားတယ်။"ဟု PDF-South Monywa တာဝန်ရှိသူက ယမန်နေ့ည ၁၁နာရီဝန်းကျင်တွင် ပြောသည်။

သတင်း

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

သတင်း

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။