Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူမြို့နယ် ရှားလှရွာတွင် အကြမ်းဖက်စစ်တ​ပ် ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွား

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်တပ်ကစိတ်ကျန်းမာ​ရေးမ​ကောင်း​သောဦးလှိုင် မြင့်ကိုဦး​ခေါင်းခွဲပြီးဘယ်ဘက်လက်ဖြတ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ဓာတ်ပုံ - We Love Seik Phyu Group
အကြမ်းဖက်စစ်တပ်ကစိတ်ကျန်းမာ​ရေးမ​ကောင်း​သောဦးလှိုင် မြင့်ကိုဦး​ခေါင်းခွဲပြီးဘယ်ဘက်လက်ဖြတ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ဓာတ်ပုံ - We Love Seik Phyu Group

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တ​ပ် ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - We Love Seik Phyu Group
ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – We Love Seik Phyu Group

၎င်းစစ်ကြောင်းနှင့် နယ်ခံရွာသားတစ်ဦးသည် ရှားလှကျေးရွာနှင့် တောင်ချိုရွာကြားတွင် တည့်တည့်တိုးပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ် ဦးခေါင်းရိုက်ခွဲ အသတ်ခံရခြင်းဖြစ်ကြောင်း၊ အသက်ခံရသူမှာ အသက်၄၀ကျော် ဦးလှိုင်မြင့်ဆိုသူဖြစ်ပြီး ၎င်းမှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဟု သိရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရှားလှကျေးရွာကိုလည်း ဝင်ရောက်၍ နေအိမ်များရှိ အဖိုးတန်ပစ္စည်းများအား ယူ‌ဆောင်ခြင်း၊ အိမ်အသုံးအဆောင်ပစ္စည်းများရိုက်ချိုးခြင်းများ ပြုလုပ်သွားကြောင်း၊ ထို့အပြင် အနီးနားရှိ ကင်းမကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများ၏ ရွှေထည်အချို့နှင့် ငွေသားများကိုပါ ယူဆောင်သွားကြောင်း ​ဒေသခံများက ပြောသည်။

ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - We Love Seik Phyu Group
ရှားလှကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – We Love Seik Phyu Group

“ဒီကနေ့မနက်ပိုင်းမှာ ပြန်ထွက်သွားပေမဲ့ ရွာသူရွာသားများ နေရပ်မပြန်ရဲသေးဘူးလို့သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကလည်း အကြမ်းဖက်စစ်တပ်သည် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ‌နေအိမ် ၂၃လုံးနှင့် ဆန်၊ စပါး ၊ ကြက်သွန် အစရှိသည့်သီးနှံများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

သတင်း

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။

သတင်း

"အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။"ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။