Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူမြို့နယ် နတ်တွင်းရွာမှ စစ်ကောင်စီသတင်းပေး တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရှင်းလင်းခံရ

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

Launglone People Defence Force
Launglone People Defence Force

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နတ်တွင်းရွာမှ နာမည်ကြီး စစ်ကောင်စီသတင်းပေး တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ရှင်းလင်းခဲ့ကြောင်း Launglone People Defence Force က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

ထို့အပြင် နတ်တွင်းရွာ၏ အုပ်ချုပ်ရေးမှူး မင်းမင်း ကိုလည်း သွားရောက်ရှင်းလင်းခဲ့ရာ နေအိမ်မှ ထွက်ပြေးတိမ်ရှောင်သွားပြီး ၎င်းနေအိမ်၌ တပ်ဆင်ထားသော CCTV record ကို ရယူဖျက်ဆီးချိန်မရှိခဲ့သဖြင့် လုံခြုံရေးအရ နေအိမ်ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရသည်ဟု အသိပေးသည်။

နတ်တွင်းရွာရှိ စစ်ကောင်စီဘက်တော်သား နာမည်ကြီးဒလန် ငါးဦးအနက်လေးဦးကို ရှင်းလင်းရန် ကျန်ရှိနေသည်သေးသည်ဟုလည်း LPDF က ပြောသည်။

ထို့ကြောင့် ထိုကျန်ရှိသူများသည် ပြည်သူ့ဘက်သို့ အမြန်ဆုံးရပ်တည်ကူပြောင်းရန် လိုအပ်ပြီး လိုက်နာခြင်းမရှိပါက အချိန်နေရာမရွေး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

သတင်း

“ဒီနေ့ မြောက်ဦးမှာလည်းဖမ်းတာတွေ စစ်ဆေးတာတွေရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင် ၊ မောင်တောတို့ အငူမော်ကားလမ်းတို့ နောက် အခြား မြို့အဝင်အထွက်တွေမှာ အရင်ထက်စာရင်အများကြီး စစ်ဆေးမှုတွေ တင်းကြပ်လာတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော် - ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။