Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင်စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍ ​ဒေသခံသားအမိနှစ်ဦး​သေဆုံးပြီးဖခင်ဖြစ်သူဒဏ်ရာရ

ကျောင်းရွာရပ်ကွက်ရှိ ပြည်သူနေအိမ်(၄)လုံးလည်းလက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် (၂) လုံးကြောင့်လည်း နေအိမ် (၆) လုံး ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ (၁) ဦး အပါအဝင် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

(ဇွန်လ ၂၃ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပစ်ခတ်ခဲ့သည့် စစ်တပ်ထုတ်လက်နက်ကြီးဗုံးသီးနှင့်ဗုံးသီးအပိုင်းအစများ ထိမှန်ပျက်စီးခဲ့သော နွားစာတိုက်။ ။ဓါတ်ပုံများ- ချောင်းဦးမြို့နယ် ပြည်သူ့သတင်း)
(ဇွန်လ ၂၃ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပစ်ခတ်ခဲ့သည့် စစ်တပ်ထုတ်လက်နက်ကြီးဗုံးသီးနှင့်ဗုံးသီးအပိုင်းအစများ ထိမှန်ပျက်စီးခဲ့သော နွားစာတိုက်။ ။ဓါတ်ပုံများ- ချောင်းဦးမြို့နယ် ပြည်သူ့သတင်း)

●စစ်​ကောင်စီတပ်က အဆိုပါပစ်ခတ်မှုကို PDF ကလက်လုပ်စိန်​ပြောင်ဖြင့်ပစ်ခတ်ခြင်းဟုသတင်းလိမ်လည်ဖြန့်ချီ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်လက်နက်ကြီးဖြင့်ပစ်ခတ်ခံရမှုကြောင့် သားအမိ နှစ် ဦးသေဆုံးခဲ့ရသည့် ဖြစ်စဥ်တွင်စစ်ကောင်စီတပ်က ၆၀မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ချောင်းဦးမြို့တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သည် ဇွန် ၂၃ ရက် ည (၉) နာရီအချိန်ခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်များဆီသို့ လက်နက်ကြီးများဖြင့် (၇) ချက်ခန့် ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် တမာမြိုင်ရပ်ကွက်၊ ကျောင်းရွာရပ်ရှိ နေအိမ်တစ်လုံး၏ နွားစာတိုက်ပေါ်သို့ တစ်လုံး၊ တမာမြိုင်ရပ်ကွက် အနောက်မအုပ်ရပ်ရှိ နေအိမ်များအနီးသို့နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ကျောင်းရွာရပ်ကွက်သို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် အသက် (၅၀) နှစ်အရွယ်ရှိ ဒေါ်ထားထားနွယ် (ခ) ဒေါ်ပေါက် နှင့် ၎င်း၏သမီးဖြစ်သူ အသက် (၂၄) နှစ်အရွယ်ရှိ မဝါဝါမိုး (Non CDM စည်ပင်သာယာဝန်ထမ်း) တို့ သေဆုံးခဲ့ပြီး မဝါဝါမိုး၏ ဖခင်ဖြစ်သူမှာ ဒဏ်ရာရရှိပြီးဆေးကုသမှုခံယူနေရကြောင်းဒေသခံများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ထိုဖြစ်စဥ်အားပြည်သူ့ကာကွယ်ရေးတပ်များက ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကို လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်သောကြောင့် ပြည်သူ (၂) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိသည်ဟု သတင်းအမှားများ လိမ်လည်ထုတ်ပြန်ခဲ့သည်။

(ဇွန်လ ၂၃ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပစ်ခတ်ခဲ့သည့် စစ်တပ်ထုတ်လက်နက်ကြီးဗုံးသီးနှင့်ဗုံးသီးအပိုင်းအစများ ထိမှန်ပျက်စီးခဲ့သော နွားစာတိုက်။ ။ဓါတ်ပုံများ- ချောင်းဦးမြို့နယ် ပြည်သူ့သတင်း)
(ဇွန်လ ၂၃ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပစ်ခတ်ခဲ့သည့် စစ်တပ်ထုတ်လက်နက်ကြီးဗုံးသီးနှင့်ဗုံးသီးအပိုင်းအစများ ထိမှန်ပျက်စီးခဲ့သော နွားစာတိုက်။ ။ဓါတ်ပုံများ- ချောင်းဦးမြို့နယ် ပြည်သူ့သတင်း)

သို့သော်ထိုညကပစ်ခတ်ခဲ့သောဗုံးသီးအခွံများမှာလက်လုပ်စိန်ပြောင်းဗုံးသီးများမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီအသုံးပြုသော ၆၀မမ ဗုံးသီးများဖြစ်နေသည်ကိုတွေ့ရှိရပြီး မြို့ခံလူထုကလည်း အကြမ်းဖက်စစ်ကောင်စီများ တပ်စွဲထားရာနေရာမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုထားကြောင်းချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဓါတ်ပုံများနှင့်တစ်ကွဖော်ပြသည်။

ကျောင်းရွာရပ်ကွက်ရှိ ပြည်သူနေအိမ်(၄)လုံးလည်းလက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် (၂) လုံးကြောင့်လည်း နေအိမ် (၆) လုံး ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ (၁) ဦး အပါအဝင် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်​သောFifty two news တွင် စစ်​ကောင်စီကPDF ကိုလွှဲချ၍လိမ်လည်ထုတ်ပြန်သောသတင်း အမှား
ကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်​သောFifty two news တွင် စစ်​ကောင်စီကPDF ကိုလွှဲချ၍လိမ်လည်ထုတ်ပြန်သောသတင်း အမှား

ထိခိုက်ဒဏ်ရာရရှိသူများကို အကြမ်းဖက်စစ်ကောင်စီတပ်များက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ခေါ်ဆောင်သွားခဲ့ပြီး သေဆုံးသူ သားအမိ (၂) ဦးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်တွင် သင်္ဂြိုလ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဇွန် ၂၄ ရက်က ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ယောက် အတည်ပြု စာရင်းရထားပြီး ၁၄ ယောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း ရဲတွေက ပြောပါတယ်။ ဒဏ်ရာရသူ တချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

သတင်း

"ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ"ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။