Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

“June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ”ဟု Bago Federal School – BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

နိုင်ငံတစ်ဝှမ်း ​ကြားကာလပညာရေးအတွက် အသစ်ထပ်မံဖွင့်လှစ်မည့် ဖက်ဒရယ်ကျောင်းအရေအတွက် တိုးလာနေကြောင်း CDM ပညာရေးအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

အဆိုပါကျောင်းများတွင် Bago Federal School ၊ Spring Education Taunggyi – SET ၊
Unity Federal School ၊ Magway Federal School ၊ Kyaukpadaung Federal School ၊ Nway Oo Federal School ၊ Yaung Ni Federal School ၊ Light Of Love Federal School စသည့်ကျောင်းများ ပါဝင်သည်။

ယင်းကျောင်းများအနက် Magway Federal School မှာ ယနေ့(ဇွန် ၂၅)စတင်ဖွင့်လှစ်ပြီး Spring Education Taunggyi – SET သည် ဇူလိုင် ၄ ရက်တွင်ဖွင့်လှစ်သွားမည်ဟု အသိ ပေးထားကာ Bago Federal School နှင့်အခြားကျောင်းများမှာ ရက်မသတ်မှတ်ရသေးသော် လည်း လာမည့်ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကျောင်းတာဝန်ရှိသူများက ဆိုသည်။

“June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ”ဟု Bago Federal School – BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

BFS အနေဖြင့် လက်ရှိဆရာ၊ ဆရာမဦးရေအရ KG တန်းမှစ၍ အထက်တန်းအထိ အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ၁၀၀စီလက်ခံပေးသွားမည်ဟု၎င်းကဆက်​ပြောသည်။

Spring Education Taunggyi – SETကျောင်းအနေဖြင့် ဇွန် ၂၇ ရက်မှစ၍ အလယ်တန်းအဆင့်များကို ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇူ လိုင် ၄ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည်ဟု အသိပေးကြေညာထားသည်။

အလားတူ Unity Federal School မှလည်း အထက်တန်း Grade-10 နှင့် Grade-11 ကျောင်း သူ/သားများကို ထပ်တိုး ခေါ်ယူမည်ဖြစ်ကာ လျှောက်ထားသူများတွင်အခြားကျောင်းများနှင့် ကျောင်းပြိုင်လျှောက်သူများ၏ လျှောက်လွှာများကို ပယ်သွားမည်ဟု အသိပေးသည်။

နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ
နိုင်ငံတစ်ဝှမ်းထပ်မံဖွင့်လှစ်မည့်ဖက်ဒရယ်ကျောင်းများတိုးလာ

နိုင်ငံတစ်ဝှမ်း စစ်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းများကိုသပိတ်မှောက်ပြီး CDM ပြုလုပ်ထားသော ကျောင်းသားများ၏ ပညာရေးလို အပ်ချက်အားဖြည့်ဆည်းရန် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် Federal School များဖွင့်လှစ်လျှက်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့မှာ Federal ကျောင်းများကို ဇွန်လဆန်းမှစတင်ပြီး အစောဆုံးဖွင့်လှစ်ခဲ့သည်။

အဆိုပါ​ကျောင်းအချို့၏​ဖေစ်ဘွခ်စာမျက်နှာများကို​ဖော်ပြလိုက်ပါသည်။

https://www.facebook.com/bagoregionfs/

https://www.facebook.com/Yaung-Ni-Federal-School-108017318609176/

https://www.facebook.com/nwayoofederalschool/

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျောင်းကျန်းမာရေးအတွက် လာရောက်စစ်​ဆေး​ပေးခဲ့​သောနွေဦးရောင်နီဆေးအဖွဲ့ အား MEDUS -07မှ ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း မြောင်ပညာရေးကွန်ရက်က​ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ဇွန် ၂၀ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။