Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးပစ်ခတ်၍ (၁)နှစ်အရွယ်ကလေးငယ်နှင့်ကျောင်းဆရာမတို့ သားအမိနှစ်ဦး အသက်ဆုံးရှုံးရ

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

ဘီးလင်းမြို့
ဘီးလင်းမြို့

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၃ရက် နေ့လည်ပိုင်းက ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄)လက်အောက်ခံ နတ်ကြီးတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ်ရှိ နော်စန်းစန်းဝင်း(ခ)နော်အေးနှင့် သူမ၏ (၁) နှစ် (၂)လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

ဆရာမနော်စန်းစန်းဝင်းသည် အစူးချောင်းကျေးရွာတွင်နေထိုင်၍ ဝင်းကတိုက်(ဝါကတယ်) ကျေးရွာတွင် ပညာသင်ကြားပေးနေသော ကျောင်းဆရာမတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ယခု စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဉ်သည် နယ်မြေခံ KNUတပ်များနှင့် ထိတွေ့ပစ်ခတ်မှုမရှိပဲ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

"ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ"ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သတင်း

ကျောင်းရွာရပ်ကွက်ရှိ ပြည်သူနေအိမ်(၄)လုံးလည်းလက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် (၂) လုံးကြောင့်လည်း နေအိမ် (၆) လုံး ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ (၁) ဦး အပါအဝင် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။