Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့နယ် ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီယာဥ်တန်းကို သထုံခရိုင် တပ်ရင်း(၃) တိုက်ခိုက်

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

(မွန်ပြည်နယ်အတွင်း ဖြတ်သန်းနေသည့် စစ်ကောင်စီယာဥ်တန်း(ပုံဟောင်း)၊ ဓာတ်ပုံ - KTO)
(မွန်ပြည်နယ်အတွင်း ဖြတ်သန်းနေသည့် စစ်ကောင်စီယာဥ်တန်း(ပုံဟောင်း)၊ ဓာတ်ပုံ - KTO)

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၅ ရက်) နံနက် ၉နာရီ မိနစ်၄၀ခန့်က KNU/KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က ပူးပေါင်း၍ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“သတင်းကြိုရလို့စောင့်တိုက်တာ။ပဒေသာမိုင်း၊ RPG ၊ လက်နက်ကြီးတွေနဲ့ တရဆက် ပစ်လိုက်တာ။ တော်တော်အထိနာမယ်။ သူတို့ကားက နည်းတော့ စိတ်ကြိုက် ပစ်လိုက်ရတယ်။ သူတို့ပြန်ပစ်တော့ ကျွန်တော်တို့ ဆုတ်ခွာလာလိုက်တယ် “ဟု ၎င်းက ပြောသည်။

သို့​သော်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပေ။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ ‌အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

သတင်း

"ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ"ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ကျောင်းရွာရပ်ကွက်ရှိ ပြည်သူနေအိမ်(၄)လုံးလည်းလက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် (၂) လုံးကြောင့်လည်း နေအိမ် (၆) လုံး ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ (၁) ဦး အပါအဝင် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း

"စခ (၄) ကောင် နေရာတွင်​သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။မိမိတို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ထောက်ပို့ရဲဘော်တစ်ဦး ရန်သူ့ကျည်ထိမှန်ကျဆုံးခဲ့ရပါသည်"ဟု ​ရေစကြို PDF ကယ​နေ့(ဇွန် ၂၄ )ညတွင်ထုတ်ပြန်သည်။