Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်သော စစ်တပ်ကို ဘုံရန်သူအဖြစ်သတ်မှတ် ချေမှုန်းမည်ဟု KRF အသိပေး

KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ
လူထုအပေါ် အတိ အလင်းထုတ်ပြန် ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

KRF
KRF

PDF များက ကျောင်းများကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မည်ဟု သတင်းလွှင့်ကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများကြား သွေး ခွဲသော စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း Kyaikhto Revolution Force – KRF က အသိ ပေးထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍PDFများမှတစ်ပတ်အတွင်းကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

KRF
KRF

ယင်းလုက်ရပ်မှာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား သွေးခွဲခြင်းသာဖြစ်ပြီး ထိုသို့ကောက်ကျစ်သည့်လုပ်ရပ်မျိုးကို KRF မှ ပြုလုပ်မည်မဟုတ်ဘဲ သွေးခွဲသူများကိုသာ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဟု ကျိုထိုမြို့နယ်ပြည်သူများက အသိပေးသည်။

Public Service Announcement

အလားတူ ပြည်သူများအ‌နေဖြင့်လည်း ထိုကဲ့သို့ အပြစ်မဲ့ကလေးသူငယ်များ ရှိနေသည့် စာသသင်ကျောင်းများအား တော်လှန်ရေးသမား(PDF)စသည်ဖြင့်အမည်ခံကဖောက်ခွဲမှုဖြစ်ပေါ်လာပါက မည်သူတို့ ပြုလုပ်ကြောင်းကို မိမိတို့တတ်စွမ်းသလောက်ဝိုင်းဝန်းဖော်ထုတ်ကြရန် KRF ကအကူအညီတောင်းသည်။

KRF သည်ကျိုက်ထိုမြို့နယ်အတွင်းစစ်အာဏာရှင်ကိုအဖက်ဖက်မှ တော်လှန်တိုက်ထုတ်နေသည့် တော်လှန်ရေအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ၊ PDF များ၊ KNU/KNLA တပ်ဖွဲ့ဝင်များနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်ပြည်သူ
လူထုအပေါ် အတိ အလင်း ထုတ်ပြန်ကြေညာ၍ ဆောင်ရွက်လျှက်ရှိသည်ဟု ဖော်ပြသည်။

ဆက်လက်၍လည်း KRFအနေဖြင့်စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(ဇွန် ၂)က ကျိုထိုက်မြို့နယ်စီမံကောင် စီအဖွဲ့ဝင် စစ်ကောင်စီတပ်ဗိုလ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က Non-CDM ဆရာ၊ ဆရာမများအား အရေးပေါ်အစည်းအဝေးခေါ်ယူ၍ PDF များမှ တစ်ပတ်အတွင်း ကျောင်းများကို ဖောက်ခွဲရေးလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက အကူအညီတောင်းရန်ညွှန်ကြားကြောင်း ပြောဆိုခဲ့သည်ဟု ထောက်ပြသည်။

သတင်း

လူ့အခွင့်အရေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတို့၏ မြန်မာနိုင်ငံ၌ တာဝန်ခံမှုရှိစေရေးနှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံကြောင်းသံအမတ်ကြီးက ပြောသည်။

သတင်း

လက်ယက်မကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် MVRF ရဲ့ အဖွဲ့ဝင်ကျေးရွာများက ဆန်၊ဆီ၊ဆား၊ဝါး၊အဝတ်အထည်၊ပန်းကန်၊ဆပ်ပြာ၊အသင့်စားအစားအစာများကို လှူဒါန်းပေးခဲ့ကြတယ်လို့ MVRF က ပြောပါတယ်။

သတင်း

အာဏာရှင်ရဲ့ပညာရေးစနစ်ကို မနှစ်သက်တဲ့ ကျွဲခြံကျေးရွာက ပြည်သူလူထုတွေဟာ ကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။