Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သည့် PNOတပ်ဖွဲ့ဝင်အား အရေးမယူသည့်လုပ်ရပ်အပေါ် ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကော်မတီရှုတ်ချ

ဆိုက်ခေါင်ဖြစ်စဉ်မှာ လူနေရပ်ကွက်ပေါ်တွင် အမျိုးသမီးတစ်ဦးကို ပစ်ခတ်ကျူးလွန်သည့်အပေါ် ကျူးလွန်သူကို အရေးမယူဘဲ သက်သေဖျောက်ဖျက်ကာ မိသားစုဆန္ဒမပါဘဲ တောင်ကြီး၌ သင်္ဂြိုလ်စေခဲ့သည့်လုပ်ရပ် ဖြစ်သည်ဟု ဆိုသည်။

(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - CJ)
(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီလက်အောက်ခံ PNOက စစ်ကောင်စီကဲ့သို့ ပအိုဝ်းဒေသ၌ လူ့အခွင့်အရေးချိုးဖောက်နေ

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာနေ အသက် (၂၂)နှစ်အရွယ် နန်းခမ်းအွမ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)၏ လုပ်ရပ်အပေါ်ပြင်းထန်စွာ ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကော်မတီက ထုတ်ပြန်ခဲ့သည်။

PNO တပ်ဖွဲ့ဝင် ထွက်ကောဝိ ဆိုသူသည် ဇွန်လ ၁၄ရက်တွင် နန်းခမ်းအွမ်၏ ဦးခေါင်းကို ပစ်ခတ်ခဲ့ရာ ဦးခေါင်းမှကျည်ကိုတောင်ကြီး စစ်ဆေးရုံ၌ ထုတ်ယူပြီးနောက်တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် နန်းခမ်းအွမ် သေဆုံးသွားရာ ရုပ်အလောင်းကို နေအိမ်သို့ပြန်သယ်ခွင့်မပြုဘဲ တောင်ကြီး၌သာ သင်္ဂြိုလ်စေခဲ့ကြောင်း ဖော်ပြထားသည်။

(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - CJ)
(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ – CJ)

ဆိုက်ခေါင်ဒေသခံများနှင့် နန်းခမ်းအွမ်မိသားစုတို့က ကျူးလွန်သူကို အရေးယူရန် ရဲစခန်း၌ အမှုဖွင့်တိုင်တန်းထားသော်လည်းအရေးယူခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

“အဓိက ဘာပြနေလဲဆိုရင် PNO/PNAက စစ်ကောင်စီရဲ့ လက်အောက်ခံပဲလေ။ သူတို့က ဥပဒေ ချိုးဖောက်မှုကို ရာဇဝတ်မှုကို သူတို့ကျူးလွန်တာက အခုမှတော့ မဟုတ်ဘူး အရင်ကတည်းက ပုံစံအမျိုးမျိုးနဲ့ ပအိုဝ်းပြည်သူလူထုတွေကို ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာ အဲဒီလိုမျိုးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အစ သူတို့လုပ်တယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဆိုရင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာတွေရှိတယ်”ဟု ပအိုဝ်းအမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကော်မတီ မှ နန်းမို့မို့က ပြောကြားသည်။

(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - CJ)
(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ – CJ)

ဆိုက်ခေါင်ဖြစ်စဉ်မှာ လူနေရပ်ကွက်ပေါ်တွင် အမျိုးသမီးတစ်ဦးကို ပစ်ခတ်ကျူးလွန်သည့်အပေါ် ကျူးလွန်သူကို အရေးမယူဘဲ သက်သေဖျောက်ဖျက်ကာ မိသားစုဆန္ဒမပါဘဲ တောင်ကြီး၌ သင်္ဂြိုလ်စေခဲ့သည့်လုပ်ရပ် ဖြစ်သည်ဟု ဆိုသည်။

“အရင်တုန်းကလည်း ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပစ်ပေးအရေးယူတာ မလုပ် ဆောင်ခဲ့ဘူး။ ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို အခြားနေရာ ပို့လိုက်တာမျိုး၊ သူတို့ဝှက်ထားပေးလိုက်တာမျိုး အဲဒီလိုပဲသူတို့လုပ်နေတာ။ ဘာပြနေလဲဆိုရင် PNO/PNAက သူလည်း အကြမ်းဖက် စစ်ကောင်စီလိုပဲ ပြည်သူလူထုကို ဦးတည်ပြီးတော့ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို သူတို့ကျူးလွန်တယ်။ ကျူးလွန်တဲ့သူကို အပြစ်ပေးအရေးယူမှု မလုပ်ဘူး”ဟု နန်းမို့မို့က ပြောသည်။

(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ - CJ)
(နန်းခမ်းအွမ်အား တောင်ကြီးတိုင်းရင်းသားပေါင်းစုံသုဿန်တွင် သင်္ဂြိုလ်ရန် ပြင်ဆင်နေစဥ်၊ ဓာတ်ပုံ – CJ)

ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက်ကျူးလွန်ခွင့်ပေးခြင်းသည် ပအိုဝ်းပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လွန်စွာ ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် နန်းခမ်းအွမ်ကို ပစ်သတ်ခဲ့သည့် ထွက်ကောဝိ ဆိုသူအား အရေးယူဆောင်ရွက်မှုများ အမြန်လုပ်ဆောင်ရန် နှင့် ကျူးလွန်ခံရသူ မိသားစု၏ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသား နိုင်ငံရေးအတိုင်ပင်ခံကော်မတီက တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့(ဇွန်လ၂၃ရက်)က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာ ဘုရားကုန်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲပြီး အနီးနားပတ်ဝန်းကျင်အား စစ်ကြောင်းထိုး ရှာဖွေမှုများပြုလုပ်ခဲ့သည်။

သတင်း

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။