Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လက်နက်ကြီးမှန်လို့ ကျောင်းဆရာမနဲ့ ကလေးငယ်တစ်ဦးသေဆုံး

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

People's Spring
People's Spring

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းဆရာမနဲ့ သူ့မရဲ့ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန် ၂၃ ရက် နေ့လည် ၁ နာရီအချိန်ခန့်က ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၄၀၄)တပ်နဲ့ စကခ(၈)လက်အောက်ခံ ပူးပေါင်းတပ်တွေက နတ်ကြီးစခန်းကနေ လက်နက်ကြီးနဲ့လှမ်းပစ်ခဲ့လို့ အစူးချောင်းကျေးရွာမှာကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၂၅)နှစ်ရွယ် ကျောင်းဆရာမဖြစ်သူနဲ့ သူမရဲ့ အသက် ၁ နှစ် ၂ လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်မှာ နယ်မြေခံ KNLA တပ်တို့နဲ့ ထိတွေ့ပစ်ခတ်မှုမရှိပဲ စစ်ကောင်စီဟာ ဒေသခံလူထုကိုပစ်မှတ်ထားပြီး နတ်ကြီးစခန်းကနေ လက်နက်ကြီးနဲ့ လူနေထိုင်ရာကျေးရွာတွေထဲကို ပစ်ခတ်တာဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

“သူတို့ရဲ့ထုံးစံအတိုင်းပဲလေ။ သူတို့က ရွာသားတွေကိုခြိမ်းခြောက်ရုံမကပဲနဲ့ ရွာသားတွေကိုပတ်ပြီးတော့ ဒုက္ခပေးပြီးတော့ လက်နက်ကြီးတွေရွာထဲပစ်တာတွေက ဒါသူတို့အမြဲတမ်း သူတို့ကတော့ ပြောရမယ်ဆိုရင်တော့ NUG အစိုးရဘက်က သူတို့ကိုကြေငြာထားတဲ့ အကြမ်းဖက်ဆိုတာကတော့ ဒါသူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားဖို့လုပ်တဲ့ဟာကို သူတို့သက်သေပြတယ်လို့ပဲ ကျနော်တို့ပြောလို့ရမှာပေါ့” လို့ ကျေးရွာတွေထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ပတ်သက်ပြီး ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းက ပြောဆိုထားပါတယ်။

သေဆုံးသွားတဲ့ ကျောင်းဆရာမဖြစ်သူဟာ အစူးချောင်းကျေးရွာမှာနေထိုင်ပြီး ဝင်းကတိုက်ကျေးရွာမှာ ပညာသင်ကြားနေတဲ့ ကျောင်းဆရာမတစ်ဦးဖြစ်ကာ စစ်ကောင်စီရဲ့နတ်ကြီးစခန်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ သူမရဲ့နေအိမ်နံဘေးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သူမနဲ့ကလေးငယ်တို့ကို ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

နိုင်ငံတကာ

ဇွန် ၂၄ ရက်က ပစ်ခတ်မှုအတွင်း သေဆုံးသူ ၂ ယောက် အတည်ပြု စာရင်းရထားပြီး ၁၄ ယောက်ကို ဆေးရုံ တင်ပို့ထားရကြောင်း ရဲတွေက ပြောပါတယ်။ ဒဏ်ရာရသူ တချို့ဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

သတင်း

"ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ"ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။