Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်အရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား PDF ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။

စစ်သင်တန်းတက်ရောက်နေသော ရေစကြို PDF အဖွဲ့ဝင်များ၊ ဓာတ်ပုံ - Yesagyo PDF
စစ်သင်တန်းတက်ရောက်နေသော ရေစကြို PDF အဖွဲ့ဝင်များ၊ ဓာတ်ပုံ - Yesagyo PDF

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၁၉ ရက်) နံနက် ၆နာရီခွဲဝန်းကျင်တွင် ရေစကြိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဘိစပ်ကုန်းကျေးရွာအနီးအရောက်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ရေစကြို PDF နှင့် မဟာမိတ် K.N.T ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရေစကြို PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့နံနက်ပိုင်းက တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးကွဲရွာမှ ထွက်ခွာသွားသော အုပ်စုဖြစ်ပြီး တိုက်ခိုက်ခြင်းမခံရမီ လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကား ပစ်ဖောက် ခြောက်လှန့်သွားကြောင်း၊ ကိုင်းရွာကို ဝင်ရောက်ခြင်းမရှိဘဲ ဘီးစပ်ကုန်းကျေးရွာသို့ သွားရောက်ချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရေစကြိုဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်အား ဇွန်လ၁၇ရက်နှင့် ၁၈ ရက်များကလည်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ရေစကြို PDFက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပစ်ခတ်ခံရပြီးနောက် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

သတင်း

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးခန့် ဆေးရုံသို့ ရောက်ရှိကြောင်း သတင်းရရှိ ကြောင်း ဖော်ပြထားသည်။

သတင်း

ဇွန် ၁၇ ရက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက အများပြည်သူတွေ နေ့စဉ်သွားလာနေကျလမ်းဖြစ်တဲ့ ကမမောင်းနဲ့ ကတိုင်တိ ကားလမ်းတလျှောက်ကို သွားလာခွင့်ပိတ်ပင်တားဆီးတာမက ခရီးသွားပြည်သူတွေသွားလာပါက ပစ်ခတ်မယ်လို့ သတင်းဖြန့်ပြီးခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါသေးတယ်။

သတင်း

“အမေစု မတရားဖမ်းဆီး အချုပ်အနှောင်ခံရမှုမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊အမေစု ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရားကြောင့် အမြန်ဆုံးလွတ်မြောက်ပါစေ၊စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာပါစေ" ဆုတောင်းပေးခဲ့ကြသည်။