Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာဟု မြိုင်မှ MVRFတပ်ဖွဲ့ အသိပေး

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

CDM ရဲတပ်သား
CDM ရဲတပ်သား

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ပခန်းငယ် ရဲစခန်းမှ ရဲတပ်သား အောင်ကျော်သူသည် ဇွန်လ ၂၂ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူလူထုဘက် ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်ဟု အသိပေးထားသည်။

CDM ပြုလုပ်လာသည့် ရဲတပ်သားကို လေးစားကြောင်းနှင့် စစ်ကောင်စီတပ်များ တပ်ပျက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"June လ မကုန်ခင် (ကျောင်းသား)ခေါ်ယူသွားမှာပါခင်ဗျ။ နောက်လ(ဇူလိုင်)ထဲကို ကျောင်းစတင် ဖွင့်လှစ်မှာပါ"ဟု Bago Federal School - BFS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

"စခ (၄) ကောင် နေရာတွင်​သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။မိမိတို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ထောက်ပို့ရဲဘော်တစ်ဦး ရန်သူ့ကျည်ထိမှန်ကျဆုံးခဲ့ရပါသည်"ဟု ​ရေစကြို PDF ကယ​နေ့(ဇွန် ၂၄ )ညတွင်ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ်လုပ်နေရကြောင်းနှင့် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိကြောင်း ၎င်းက ဆက်ပြောသည်။