Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်

▪️PDFများနှင့်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၁၅ဦး​သေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ် ဖြတ်ခဲ့ပြီး ဒေသတွင်းPDFများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ၂၄ရက်) နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့ ခမရ(၄၂)မှ အင်အား ၄၀ကျော်ပါသော‌ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် ဆိပ်ခွန်​ကျေးရွာရှိ အထိုင်ချတပ်စွဲထားသော အခြားစစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းကာ ဆိပ်ခွန်ကျေးရွာအနောက်ဘက်ရှိ စောင်တန်းရွာ၊ ထူးကြီးရွာနှင့် တည်ပင်​ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ် အပြည့်အစုံဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

စောင်တန်းရွာရှိ နေအိမ် တစ်လုံးနှင့် ပုဏ္ဏားကုန်းရွာရှိ နေအိမ် (၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း- ရွှေဘို(LPDF)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

ထို့အပြင် နံနက် ၁၁နာရီဝန်းကျင်တွင် ထူးကြီးရွာနှင့် တည်ပင်​ကျေးရွာအကြား၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၂ဦး​သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော် တစ်ဦးကျဆုံးပြီး တစ်ဦး (အပြင်းအထန်)ဒဏ်ရာရှိခဲ့ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ဗိုလ်ကျားရိုင်း -ရွှေဘို(LDF),C&T SHWEBO (LDF)၊ SNAKE EYES (LDF), ALPHA-7 (LDF)၊ဒေါင်းမာန် (LDF)၊ PLA (Z2)၊ အရာတော် ရွှေဂျိုးဖြူ ၊ FLYING DRAGON FORCE (LDF) ၊ MDF – SHWEBO၊ မဟူရာပြောက်ကြား (ဒီပဲယင်း) ၊မတစ်ထောင်(တစ်ကောင်ဖွား) ဒီပဲယင်း၊ ရွှေဘိုခရိုင် တပ်ရင်း(၅) – တပ်ခွဲ (၃) (Federal Army) နှင့် ဆိပ်ခွန်တိုက်နယ်(၂) မှ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏ အပြင်းအထန်ခုခံမှုများ နှင့် တန်ပြန်တိုက်စစ်များကြောင့် ယနေ့ (ဇွန်လ၂၅ရက်)နံနက် ၆နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လာရာလမ်းအတိုင်း နောက်ကြောင်းပြန်ဆုတ်ခွာသွားကြောင်း ဗိုလ်ကျားရိုင်း -ရွှေဘို(LPDF)အဖွဲ့က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။