ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ယနေ့နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးသည်။
မကွေးတိုင်း ထီးလင်းမြို့နယ်ဘက်မှ မင်းတပ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်များနှင့် ကင်းစောင့်လျက်CDFတို့ ယနေ့နံနက် ၉နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။



စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် မဒပ်ကျေးရွာဘက်သို့လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက ချင်း – မကွေးနယ်စပ် မကွေးတိုင်း ထီးလင်းနှင့် ဆောမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။
