Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့်တိုက်ခိုက်

“စစ်ကောင်စီအထိုင်ချထားတဲ့ ကင်းဂိတ်ကို ကျွန်တော်တို့ အီနာဂါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဂိတ်မှာ စစ်ဆေးမှုတွေတင်းကျပ်လာတယ်လို့သိရပါတယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၉ရက်)နံနက် ၅နာရီ၂၀မိနစ်အချိန်က ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည် – တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အကြမ်းဖက်စစ်တ​ပ်ထိခိုက်မှုအခြေအနေ မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီအထိုင်ချထားတဲ့ ကင်းဂိတ်ကို ကျွန်တော်တို့ အီနာဂါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဂိတ်မှာ စစ်ဆေးမှုတွေတင်းကျပ်လာတယ်လို့သိရပါတယ်။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ကျောက်ဆည်ခရိုင်ကာကွယ် ရေးတပ်ဖွဲ့ (K.D.D.F)နှင့် BARMAHTE PEOPLE DEFENSE FORCE တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ၁၉ ရက်ကလည်း ကျောက်ဆည်မြို့ရှိ ဦးသန်းရွှေ၏ နေအိမ်ခြံဝင်းထိပ် ဗုံးထုတိုက်ခိုက်ခံခဲ့ရသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

သတင်း

ဒရုန်းအဖျက်ခံရသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားများ အထိအခိုက်ရှိမရှိကို မှတ်တမ်းယူနိုင်ခြင်းမရှိကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်များသည် တိုက်ပွဲစဖြစ်သည့်မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများ ရှိရာသို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးထိမှန်ပြီးအသက်ဆုံးရှုံးခဲ့ရသည်။