Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့နိုင်ငံရေးသမား ဒေါ်ဝင်းမြမြကို ထောင် ၃ နှစ်ချ

စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အကြိမ်ကြိမ်ထောင်ကျခဲ့ပေမယ့် အသိမိတ်ဆွေတွေက ဒေါ်ဝင်းမြမြဟာ စိတ်ဓာတ်ခိုင်မာပြီး ယုံကြည် ရပ်တည်ချက်ပြတ်သားသူဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ်။

ဒေါ်ဝင်းမြမြကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်(ပုံဟောင်း)
ဒေါ်ဝင်းမြမြကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်(ပုံဟောင်း)

မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို စစ်ကောင်စီက မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု နဲ့မနေ့က ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဒေါ်ဝင်းမြမြဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ပြိုင်ရာ မဲအပြတ်အသတ်နဲ့ပြိုင်ဘက်တွေကိုအနိုင်ရခဲ့သူအမျိုးသမီးကြီးလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ် နှစ်ပတ်လောက်အကြာမှာ ဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ ဒေါ်ဝင်းမြမြကို ဆန္ဒပြပွဲတွေဖြစ်အောင်ဆူပူလှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲကာ တစ်နှစ်ကျော်အကြာမှာ ထောင်ချလိုက်တာဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြဟာ မန္တလေးသူဖြစ်ပြီး NLD ပါတီစတင်တည်ထောင်ချိန်ကတည်းကပါဝင်ခဲ့တဲ့ အမာခံပါတီဝင်တစ်ဦးဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အကြိမ်ကြိမ်ထောင်ကျခဲ့ပေမယ့် အသိမိတ်ဆွေတွေက ဒေါ်ဝင်းမြမြဟာ စိတ်ဓာတ်ခိုင်မာပြီး ယုံကြည် ရပ်တည်ချက်ပြတ်သားသူဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

သတင်း

သူရိယဆေးခန်းပိုင်ရှင်နဲ့မိသားစုဝင်အချို့ကို ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တာပါ။

သတင်း

သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက ကင်းပုန်းအထပ်ထပ်ချထားတဲ့ ကြားထဲက မန္တလေးမြို့ပြ ဧရိယာရဲ့ တောင်ထိပ် မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲ့ အလံကို သွားရောက် လွှင့်ထူလိုက်တယ်လို့Rangers of Mandalay ( ROM ) ထုတ်ပြန်လာပါတယ်။