Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီနှင့်လက်ပါး​စေများက​တော်လှန်​ရေးပုံဖျက်​သောသတင်းအမှားများဖြန့်ချီ​နေ​ကြောင်းNUG ထုတ်ပြန်

သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် NUG က အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကိုအစည်းအ​ဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဥ်များပါချထားသ​ယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG ကြေညာချက်ထုတ် ပြန်
NUG ကြေညာချက်ထုတ် ပြန်

●သတင်းအမှားများထဲတွင်NUG ကသ​​ဘောထားအမြင်မတူသူများကိုအသက်အန္တရာယ်ရှာရန်စီစဥ်​နေ​ကြောင်းသတင်းအမှားလည်းပါဝင်၊NUGတွင်ထိုသို့မူဝါဒမရှိ

နွေဦးတော်လှန်ရေးအရှိန်အဟုန်ရလာသည်နှင့်အမျှအကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေခြင်းအပေါ် NUG ကယ​နေ့ ကြေညာချက်ထုတ်
ပြန်သည်။

သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် NUG က အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကိုအစည်းအ​ဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဥ်များပါချထားသ​ယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG ကြေညာချက်ထုတ် ပြန်
NUG ကြေညာချက်ထုတ် ပြန်

“တော်လှန်ရေးအရှိန်အဟုန်ရလာတဲ့အခါမှာ နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်လာတဲ့သဘောပါပဲ။ သူတို့ နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်ပေမယ့် NUG နဲ့ တကွ တော်လှန်ရေးအင်အားစုတွေအပေါ် လူထုထောက်ခံမှု မကျတဲ့အပြင် ပိုတိုးလာတာတွေ၊ တိုင်းရင်းသားမဟာမိတ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ပိုမိုစုစည်းပူးပေါင်းမိတာတွေကို တတ်နိုင်တဲ့နည်းနဲ့ သွေးခွဲတာ၊ ဝေဝါးစေတာမျိုးတွေ လုပ်ချင်တဲ့သဘောလို့ ယူဆပါတယ်။ NUG အနေနဲ့က တော်လှန်ရေးနဲ့ပတ်သက်ပြီး Focus ပြတ်ပြီးသားလို့ ပြောချင်ပါတယ်” ဟု NUG သတင်းပြန်ကြားရေးရုံး တာဝန်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ထိုကဲ့သို့သော သတင်းမှားမှာ ယခုအကြိမ်တွင် သာမက လွန်ခဲ့သော ၈ လ ခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခုကို လူပုဂ္ဂိုလ်အချို့က လုပ်ကြံဖန်တီးကာ နိုင်ငံတကာအဝန်း
အဝိုင်းသို့ ပေးပို့ခဲ့ဖူးသည့် သာဓကတစ်ခုလည်း ရှိခဲ့ဖူးသည်။

ထိုစဉ်က ယခင်အစိုးရများလက်ထက်တွင် ငြိမ်းချမ်းရေးပွဲစားများဟု လူသိများသည့်ဦးအောင်နိုင်ဦး၊ ဦးလှ​မောင်​ရွှေ ၊ဒေါက်တာမင်းဇော်ဦးတို့က ၎င်းတို့ကို NUG/PDF က အသက်အန္တရာယ် ခြိမ်းခြောက်နေကြောင်း နိုင်ငံတကာသံတမန်အသိုင်းအဝန်းထံသို့ စာများပေးပို့ခဲ့သည်။

နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံပဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

“ယခုကဲ့သို့ တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချိနေသည့် သတင်းမှားတွင် ပါဝင်သည့် လုပ်ရပ်မျိုးမှာ အမျိုးသားညီညွတ်ရေး အစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်များဖြစ်သောကြောင့်အမျိုးသားညီညွတ်ရေး
အစိုးရအနေဖြင့် မည်သည့်နည်းနှင့်မျှ လုပ်ကိုင်ဆောင်ရွက်သွားမည် မဟုတ်ပါ” ဟု NUG ထုတ်ပြန်သည်။

လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်း၍ လူ့အဖွဲ့အစည်း ကို မလုံခြုံမှုများဖြစ်စေသည့် အကြမ်းဖက်စစ်အာဏာရှင်ခေါင်းဆောင်များသာလျှင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်သည်ဟု NUG သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လေးစားတန်ဖိုးထားလျက် ကြိုးစားဆောင်ရွက် နေခြင်းဖြစ်သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

သတင်း

“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။