Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရှောင်ကလေးငယ်များ တက်ရောက်သည့် နွေဦးဂုရု​လေးများပညာ​ရေးစင်တာ Learning Skills များကို လက်တွေ့အသုံးချသင်ကြားပေးနေ

“သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဆိုသည်။

နွေဦးဂုရုလေးများ
နွေဦးဂုရုလေးများ

ကရင်နီဒေသ(ကယား)ရှိ စစ်ရှောင်ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် နွေဦးဂုရုလေးများပညာရေးစင်တာသည် Learning Skills များကို လက်တွေ့အသုံးချ၍ သင်ကြားပေးနေကြောင်း အသိပေးထုတ်ပြန် သည်။

သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်း​လေ့လာရင်း Learning Skills များကိုလက်​တွေ့အသုံးချ ​လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ကြောင်း ဖော်ပြသည်။

“ရပ်ရွာပတ်ဝန်းကျင်ရှိသစ်​တောပြုန်းတီးမှုနှင့် ရာသီဥတု​ဖောက်ပြန်ခြင်းအ​ကြောင်းအရာကို ​ယခုသင်ကြား​ရေးအစီအစဥ်အတွက် ​ရွေးပါတယ်။ လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူဖြစ်ကြတဲ့ Learning skills ​တွေက​တော့ Presentation skill, Problem Tree နဲ့ Mind Mapping နည်းလမ်း​တွေကို အသုံးပြု​ရင်း လေ့လာကြပါတယ်”ဟု နွေဦးဂုရုလေးများ ပညာရေးစင်တာက အသိပေးသည်။

နွေဦးဂုရုလေးများ
နွေဦးဂုရုလေးများ

ထိုသင်ကြား​ရေး အစီအစဥ်ကို အပတ်စဥ် တနဂ်နွေည​နေပိုင်းတွင် ​လေ့လာ​ရေးထွက်ရှိပြီး စစ်​ရှောင်​ပြည်သူများ​နေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ​နေထိုင် စား​သောက်​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး အ​ခြေအ​နေများကို ​လေ့လာ​ကြသည်ဟု ဆိုသည်။

ကွင်းဆင်းပြီး နောက်တစ်ပတ် တနဂ်​နွေ နံနက်ပိုင်းတွင်မူ ​ကျောင်းသူ​ကျောင်းသား​များ ဦး​ဆောင်ပြီးသစ်​တောပြုန်းတီးမှုနှင့် ရာသီဥတု​ဖောက်ပြန်ခြင်း အ​ကြောင်းအရာများကို​ ရွာသူ ရွာသားများနှင့် ဝိုင်းဖွဲ့ဆွေး​နွေးခြင်း၊ ဂေဟစနစ်မပျက်​အောင် သစ်​တောအရင်းအမြစ်များကို စနစ်တကျသုံးဆွဲနိုင်မည့်နည်းလမ်းများ ​အပြန်အလှန်ဝေမျှခြင်း၊ ကွင်းဆင်း​လေ့လာ​ရေးနှင့် ​ဟော​ပြောပွဲအပြီး ကျောင်းသား၊ ​ကျောင်းသူများက ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့သား​များနှင့် ပြန်လည်​ဝေမျှ ​ဆွေး​​​နွေးခြင်းများလုပ်ဆောင်စေကြောင်း ဖော်ပြသည်။

ထို့ကြောင့် လေ့လာသင်ယူမှုအတွက် အဖွဲ့ ၃ဖွဲ့ ထားပြီး တစ်ဖွဲ့လျှင်အ​ယောက် ၂၀ဆီဖြင့် ​အပတ်စဥ်​ကွင်းဆင်းနေရာတစ်ခုချင်းဆီအတွက် တစ်လှည့်ဆီလုပ်​ဆောင်စေကြောင်းလည်း ဖော်ပြသည်။

“သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဆိုသည်။

အထက်ပါနွေဦးဂုရုလေးများပညာရေးစင်တာတွင် စစ်ရှောင်စခန်းများမှ ပညာသင်ကြားလိုသော ၇တန်းမှ ၁၀ တန်းအထိကျောင်းသားကျောင်းသူ ၆၀ကျော်ကို အရည်ချင်းစစ်စာ မေးပွဲဖြေဆိုစေပြီး အရည်အချင်းအလိုက် တန်းခွဲများခွဲကာ သင်တန်းကာလ နှစ်လနှင့်တစ်ပတ်သတ်မှတ်သင်ကြားပေးနေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

သတင်း

ကျောင်းကျန်းမာရေးအတွက် လာရောက်စစ်​ဆေး​ပေးခဲ့​သောနွေဦးရောင်နီဆေးအဖွဲ့ အား MEDUS -07မှ ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း မြောင်ပညာရေးကွန်ရက်က​ထုတ်ပြန်သည်။

သတင်း

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု မကြာခဏ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ အဆိုပါစစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။