Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာဇော်မြင့်မောင်ကို ထောင်ထပ်ချဖို့ အဂတိအမှုတွေနဲ့ စစ်ကောင်စီမနက်ဖြန်မှာအမိန့်ချမယ်

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ စွဲဆိုထားတဲ့အဂတိပုဒ်မ ၅ မှုနဲ့ မနက်ဖြန်မှာထောင်ထပ်ချဖို့ရှိနေတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အာဏာရယူထားချိန်မှာ အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုနဲ့တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေကတော့ ဘန်ကောက်ကို ဒေါက်တာဇော်မြင့်မောင် ဆေးသွားကုချိန် စီပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ထံကလာဘ်ငွေယူတယ်ဆိုပြီး အဂတိအမှု ၃ မှုနဲ့ တရားစွဲပါတယ်။

ဒါအပြင် မြင်းခြံနဲ့ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ရာမှာ အဂတိမကင်းဘူးဆိုကာ နောက်ထပ် အဂတိပုဒ်မ ၂ မှုနဲ့ အမှုထပ်ဖွင့်တာဖြစ်ပါတယ်။

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

လက်ရှိမှာလည်း ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်မှာ ထောင်ဒဏ် ၅ နှစ်ချထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာ ဝေဒနာ ခံစားနေရသူဖြစ်ပြီး အသက် ၇၀ အရွယ်ရှိပါပြီ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

သတင်း

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

သတင်း

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးရေးဂိတ်များကို သဲအိတ်အထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ကာရံထားပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။