Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့
ဒေသခံရွာသား ကို သတ်ဖြတ်ပြီး အလောင်းအောက်မှာ စစ်ကောင်စီတပ် မိုင်းထောင်ခဲ့

KNU ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းအောက်မှာ မိုင်းထောင်ထားခဲ့တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု တွေလုပ်လာလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ငဗျက်အင်းရွာနဲ့ အင်းနက်ရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲကြောင့် ဒေသခံရွာသွားတွေ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီး ရွာထဲမှာ တော့ ကျွဲ ၊နွားတွေကို ကြိုးချည်ထားခဲ့ရပါတယ်။

နောက်ရက်မှာ အင်းနက်ရွာသား ၃ ဦးဟာ ကျွဲ ၊နွားတွေကို ကြိုးဖြည်ပြီး လွှတ်ပေးဖို့ ပြန်လာချိန်မှာ သေနတ်သံကြားလို့ ပြန်ပြေးလာရပါတယ်။ ဒီလို ပြန်ပြေးလာတဲ့ ရွာသား ၃ ဦး ထဲက ၂ ဦးပျောက်ဆုံးခဲ့တာပါ။

၃ ရက်အကြာ ဇွန်လ ၂၉ ရက်မှာတော့ ပျောက်ဆုံးနေသူတွေကို ရွာသားတွေက ရှာဖွေကြရာမှာ စစ်ကောင်စီက သတ်ဖြတ်ထားခဲ့တဲ့ အင်းနက်ရွာသားစောမူးသာ(အသက်၄၀နှစ်)ရဲ့ ရုပ်အလောင်းကို အင်းနက် ဘုန်းကြီးကျောင်းရဲ့ အရှေ့ဖက် ငှက်ပျောရုံအနီးမှာတွေ့ခဲ့ရတယ်လို့သိရပါတယ်။

အလောင်းကိုမြေမြှုပ်ဖို့ ရွှေ့ချိန်မှာ အလောင်းအောက်မှာ မိုင်း ၃ လုံးထောင်ထားတာကိုတွေ့ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ကျန်တဲ့ ရွာသား ၁ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲလို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

သတင်း

“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။