Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တိုက်ပွဲ CDF ရဲဘော်နှစ်ဦး ထပ်မံကျဆုံး

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

(မင်းတပ် CDF ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် CDF ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force - Mindat)

မင်းတပ်မြို့နယ်၌ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)မှ ရဲဘော်နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း မင်းတပ် CDFက အသိပေးသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့နယ် ပလုံတွီတိုက်ပွဲတွင် CDF ရဲဘော် နှစ်ဦးပျောက်ဆုံးခဲ့ပြီး အဆိုပါ ရဲဘော် နှစ်ဦး၏အလောင်းကို ယနေ့(ဇွန်လ ၃၀ ရက်)နေ့လည် ၁နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ရဲဘော် နှစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်ထိမှန်၍ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ် CDFက အသိပေးထားသည်။

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ဇွန်လ ၂၉ရက် ည ၁၀နာရီခွဲခန့်ကလည်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ထီးလင်းမြို့နယ်မှ မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင်ဝင်ရောက်လာ၍ ယမန်နေ့က တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပြင်းထန်နိုင်၍ ပြည်သူလူထုများအနေဖြင့်မင်းတပ် CDF အားပံ့ပိုးကူညီပေးကြရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံတိုက်တွန်းသည်။

“ချင်းတောင်ဘက်မှာတော့ ရာသီဥတုကလည်း ဆိုးဝါးနေတယ်။ တိုက်ပွဲတွေလည်း တိုက်နေတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ CDF မင်းတပ်ကို ကူညီထောက်ပံ့မှု အပိုင်း လုပ်ပေးကြဖို့ ပြောလိုပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

ရေဦး-ခင်ဦးလမ်းပိုင်းတွင် လာသမျှကား ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ကင်းပုန်းများလည်း လမ်းပိုင်းတစ်လျှောက် ချထားကြောင်း၊ ရေဦး-ခင်ဦး လမ်းပိုင်းအား ရှောင်ကွင်းသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးခဲ့သည်။

သတင်း

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်များသည် တိုက်ပွဲစဖြစ်သည့်မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများ ရှိရာသို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးထိမှန်ပြီးအသက်ဆုံးရှုံးခဲ့ရသည်။