Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်တပ်ယာဥ်တန်း တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု SYM(UGPDF)အသိပေး

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

အေးသာယာ
အေးသာယာ

တောင်ကြီးမြို့ အေးသာယာဆိုင်းဘုတ်အနီး စစ်ကောင်စီတပ် VIP ယာဥ်တန်းအား တိုက် ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း Mission မအောင်မြင်ခဲ့ကြောင်း SYM(UGPDF)က ယနေ့(ဇွန် ၃၀)အသိပေးချက် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ယာဥ်တန်းကို ယမန်နေ့(ဇွန် ၂၉)က အေးသာယာဆိုင်းဘုတ် ကျွန်းမျောအနီး တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း ဖော်ပြသည်။

Mission Fail ဖြစ်သွားသည့်အပေါ် SYM (UGPDF)အဖွဲ့သားများအနေဖြင့် စိတ်မကောင်းဖြစ်ရပြီး မိဘပြည်သူများလည်း ထိုသို့ စိတ်မကောင်းဖြစ်ကြမည်ဟု ယုံကြည်ပါကြောင်း ထုတ်ပြန်သည်။

“နည်းပညာအခက်အခဲဆိုတဲ့အပေါ်မှာတော့ ထပ်ပြီးရှင်းမပြတော့ပါဘူး။ အဲလောက်ပဲ သိထားပေးပါ”ဟု SYM(UGPDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိအခြေအနေတွင် စစ်အာဏာရှင်နှင့် ၎င်း၏ထောက်တိုင်များအား စစ်ရေးပစ်မှတ်များအဖြစ် စစ်ဆင်ရေးများလုပ်ဆောင်ရာတွင် စစ်ဆင်ရေးအကြီး၊ အသေးအလိုက် အနိမ့်ဆုံးကုန်ကျငွေ ကျပ်တစ်သိန်းခွဲကျော်ရှိကြောင်း SYM(UGPDF)က အသိပေးသည်။

SYM(UGPDF)သည် ဇွန် ၂၄ ရက်ကလည်း တောင်ကြီးမြို့မစျေးမီးပွိုင့်အနီး စစ်ဆင်ရေးတွင် စစ်အုပ်စု၏ ယာဥ်ထိန်းရဲနှစ်ဦး ဒဏ်ရာရကာ ရဲနှစ်ဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်သားတစ်ဦး Sniperကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားများလည်းရှိသည်ဟုလည်းပါရှိသည်။

သတင်း

ယနေ့နံနက်ပိုင်းကလည်း ပင်းတယ- ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ပြုလုပ်​ခြင်းဟု သတင်းများထွက်ပေါ်နေသည်။

သတင်း

ဒရုန်းအဖျက်ခံရသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားများ အထိအခိုက်ရှိမရှိကို မှတ်တမ်းယူနိုင်ခြင်းမရှိကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။