Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထို KRFနှင့် ပူးပေါင်းတပ်များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ် ၅ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

KRF
KRF

စစ်ကောင်စီ၏ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်များ၊ တပ်စွဲရာနေရာများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၆ဦး ဒဏ်ရာရခဲ့သည်ဟု KRFက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပြောက်ကျား စစ်ဆင်ရေးအသွင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦး သေဆုံးပြီး ၆ဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု KRFက အသိပေးသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထုံးဘိုလေးကျေးရွာက စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတဲ့ ပစ္စည်းတွေဟာ ဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မယ့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်း

စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

သတင်း

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

သတင်း

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။