Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်အနီး SSPPနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

MNDAA တပ်ဖွဲ့ဝင် တစ်ဦးကလည်း မူဆယ်မြို့နယ် တိုက်ပွဲဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် မသိထားဟု ဖြေကြားသည်။ သို့ရာတွင် ဇွန်လ ၂၆ရက်က မူဆယ် နမ့်တောင်းရွာအနီးနှင့် ဇွန်လ ၃၀ရက်တွင် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်ကို MNDAAက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကိုမူ သိရှိထားကြော်း ပြောသည်။

(SSPP တပ်သားများအား ​တွေ့ရစဥ်)
(SSPP တပ်သားများအား ​တွေ့ရစဥ်)

▪️စစ်ကောင်စီ ဖယ်ခိုင်းသည့် တပ်စခန်းသုံးခုတပ်ဆုတ်ပေးမည်မဟုတ်ဘဲ နေရာအနှံ့ရှိတပ်စခန်းအားလုံး၌ အသင့်ပြင်ထားဟု SSPP တပ်မှူးပြော

▪️တိုက်ပွဲများဖြစ်လာပါက စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကိုပါ တုံ့ပြန်တိုက်ခိုက်မှုရှိလာနိုင်ဟု အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်အနီး၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် စစ်ကောင်စီတို့ ယမန်နေ့က မိုးမိတ်မြို့အနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု SSPP/SSA တပ်မှူးတစ်ဦးက အတည်ပြုသည်။

မိုးမိတ်အထွက်၌ SSPPနှင့်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲသတင်းအပြည့်အစုံ မသိရသေးဟု ၎င်းက ဆိုသည်။

“ အဲဒါမျိုးတွေက သိပ်မကြာခင်မှာ နေရာအနှံ့ဖြစ်လာနိုင်တယ်”ဟု SSPP တပ်မှူးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က SSPP ဝမ်ဟိုင်းဌာနချုပ်ရှိရာ ကျေးသီးနှင့် မိုင်းနောင်ဒေသသို့ စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ကြီးကြီးမားမား လောလောဆယ်တော့ ဖြစ်နေတာမရှိဘူး။ ဒါပေမဲ့ နေရာအနှံ့မှာတော့ ကျွန်တော်တို့က အသင့်အနေအထားပါပဲ” ဟု SSPP တပ်မှူးက ပြောသည်။

စစ်ကောင်စီအနေဖြင့် မိုင်းရှုးမြို့နယ် မြောက်ဘက် ရှိ SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ခုကို ဖယ်ရှားပေးရန် အကြောင်းကြားထားရာ SSPP/SSAက ဖယ်ရှားမည်မဟုတ်ဟု တုံ့ပြန်ထားသည်။

လက်ရှိအခြေအနေမှာ တိုက်ပွဲမဖြစ်ရေးရှောင်ရှေားနေသော်လည်း အကယ်၍ တိုက်ပွဲဖြစ်ပွားပါက ယခင်ကဲ့သို့ ခုခံတိုက်ခိုက်သည့် အခြေအနေ မဖြစ်လာနိုင်တော့ဟု SSPP တပ်မှူးက သတိပေးသည်။

“ဖြစ်လာရင်ကတော့ အရင်လိုအနေအထားမျိုးတော့မဟုတ်ဘူး။ အရင်တုန်းကဆို တိုက်ကြပြီဟေ့ဆို သူတို့နောက်မှာက နိုင်ငံရေးအရ ဝါဒမိုင်းတိုက်ခံထားရတဲ့ ပြည်သူတွေကရှိနေခဲ့တာ။ အဲဒီတော့ နိုင်ငံရေးအရ သူတို့က အားသာချက်ရှိတယ်။ အခုက သူတို့ရဲ့ အဆင့် သူတို့ရဲ့ အနေအထား သူတိုရဲ့လုပ်ရပ်အားလုံးကို လူထုတွေက နားလည်နေပြီ”ဟု SSPP တပ်မှူးက ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်အနေဖြင့် အင်အားပြုန်းတီးမှုမှာ အခြေအနေအလွန်ဆိုးနေသည်ကို ထောက်လှမ်းရေးသတင်းများအရ သိရကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့ ဖွဲ့စည်းပုံမှာ ယခင်နှင့် ခြားနားသွားပြီး စစ်ထွက်အင်အားမရှိ နောက်ချန်အင်အား နည်းပါး သည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က SSPP အနေဖြင့် စစ်ကောင်စီ၏ နောက်တန်းဌာနချုပ်ကို တိုက်ခိုက်လေ့မရှိသော်လည်း ယခု အနေ အထား ပြောင်းလဲသွားပြီဟု SSPP တပ်မှူးက သတိပေးသည်။

မူဆယ်မြို့နယ်တွင် ဇွန်လ ၃၀ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် SSPP တပ်အနေဖြင့်လည်း အခြားမဟာမိတ် တိုင်းရင်းသားအဖွဲ့များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်ကို ကိုးကားပြီး The 74 Media က ဖော်ပြသည်။ မူဆယ်မြို့နှင့် နမ့်ခမ်းကြားရှိ နမ်ဂတ်ကျေးရွာအနီးတွင် ကိုးကန့် MNDAA၊ တအာင်း TNLA၊ ရှမ်း SSPP၊ ၀ တပ်ဖွဲ့ UWSA တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားပြီး ယင်းဖြစ်ရပ်ကို သီးခြားအတည် ပြုချက်မရသေးပေ။

“အဲဒီမူဆယ်ဘက်ကိုတော့ နည်းနည်းအလှမ်းဝေးနေတယ်။ တချို့ဟာတွေကျတော့ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံမသိရသေးဘူး ။ ဆက်သွယ်ရေးကလည်း သိတဲ့အတိုင်းပဲ ခက်ခဲတယ်”ဟု SSPP တပ်မှူးက ပြောသည်။

MNDAA တပ်ဖွဲ့ဝင် တစ်ဦးကလည်း မူဆယ်မြို့နယ် တိုက်ပွဲဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် မသိထားဟု ဖြေကြားသည်။ သို့ရာတွင် ဇွန်လ ၂၆ရက်က မူဆယ် နမ့်တောင်းရွာအနီးနှင့် ဇွန်လ ၃၀ရက်တွင် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်ကို MNDAAက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကိုမူ သိရှိထားကြော်း ပြောသည်။

UWSA၊ ကချင်အဖွဲ့ KIA၊ SSPP၊ MNDAA၊ TNLA၊ ရခိုင်တပ်ဖွဲ့ AA နှင့် မိုင်းလားအဖွဲ့ NDAA တို့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း KIA၊ MNDAAတို့ နှင့် စစ်ကောင်စီတပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခု နောက်ပိုင်း၌ SSPPနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း

"တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူများ၏ စားဝတ်နေရေး၊ ခရီးသွားလာရေးနှင့်လွတ် လပ် လုံခြုံမှုအားပိတ်ပင်ဟန့်တား၍နှိပ် စက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ​ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်အရေးယူခြင်းအားဆောင်ရွက်သွားမည်"ဟု ပြောက်ကျားတပ်ဖွဲ့-တွံတေးက ဖော်ပြသည်။

သတင်း

ဇွန်လ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ် အောင်သပြေရွာနှင့်တောင်ဦးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦး​သေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့​ကြောင်း​ ရေစကြိုPDFက ထုတ်ပြန်ထားသည်။

သတင်း

MNDAA၏ အထူးဒေသ(၁) မန်ကာရွာအနီး၌ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း၌ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။