Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ကားနှစ်စီး မီးလောင်ပျက်စီး

အဲ့ဒီနောက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်
ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်

ကေအဲန်ယူ-တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေးဒေါင့်ကန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လောင်စာဆီတွေတင်ဆောင်လာတဲ့ ကားနှစ်စီးဟာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်
ကျိုက်ထိုမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်

အဆိုပါယာဉ်တန်းဟာ လတ်တလောမှာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ ဥကရစ်ထစခန်းဘက်ကို ပို့ဆောင်မယ့်ယာဉ်တန်းတွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က ဆိုပါတယ်။

အဲ့ဒီနောက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ယာဉ်တန်းကို တိုက်ခိုက်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းအဖွဲ့တွေက အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း

"တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူများ၏ စားဝတ်နေရေး၊ ခရီးသွားလာရေးနှင့်လွတ် လပ် လုံခြုံမှုအားပိတ်ပင်ဟန့်တား၍နှိပ် စက်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ ​ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်အရေးယူခြင်းအားဆောင်ရွက်သွားမည်"ဟု ပြောက်ကျားတပ်ဖွဲ့-တွံတေးက ဖော်ပြသည်။

သတင်း

ဇွန်လ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ် အောင်သပြေရွာနှင့်တောင်ဦးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ​လေးဦး​သေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့​ကြောင်း​ ရေစကြိုPDFက ထုတ်ပြန်ထားသည်။