Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်ရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

(ချင်းပြည်နယ် မင်းတပ်မြို့ကို ​တွေ့ရစဥ်)
(ချင်းပြည်နယ် မင်းတပ်မြို့ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာကို ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူ နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂ရက်) နံနက် ၁၁နာရီ ဝန်းကျင်၌ စစ်ကောင်စီတပ်က ဗုံးကြဲ လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကို အပြာရောင်ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မင်းတပ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘော့ဘိုးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။စစ်ကောင်စီတပ်သည် ယခင်ကလည်း စစ်ရှောင်စခန်းများ၊ လူနေထိုင်ရာ ကျေးရွာများ ၊ ဘုရားကျောင်းများစသည့် စစ်ရေးပစ်မှတ်မဟုတ်သည့် လူထုနေထိုင်ရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေ ကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ ပြည်သူလူထုများသေဆုံးထိခိုက်မှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

"ရှေ့တန်းရောက်နေတဲ့ တပ်တွေက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့ တပ်ရင်း(၃)ဘက်ကိုရောက်လာတာပေါ့”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။