Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ဘီးလင်း NLD အမတ်ကို အဆက်အသွယ်မရသေး

ဦးကျော်မျိုးမင်းနှင့်အတူ ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ တော်လှန်ရေးရဲဘော် များဖြစ်သည့် ရဲဘော် ပန်းမြင့်နှင့် ရဲဘော်ကိုကိုမောင်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇွန် ၃၀ ရက်တွင်ကျဆုံးကြောင်းကို KNU တပ်မဟာ(၁) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်ဖမ်းဆီးနှိပ်စက်မှုခံ​နေရ​သောဘီးလင်းမြို့နယ် ပြည်နယ်လွှတ်​​တော်အမတ် ဦး​ကျော်မျိုးမင်း)
(စစ်​ကောင်စီတပ်ဖမ်းဆီးနှိပ်စက်မှုခံ​နေရ​သောဘီးလင်းမြို့နယ် ပြည်နယ်လွှတ်​​တော်အမတ် ဦး​ကျော်မျိုးမင်း)

အမတ်နှင့်အတူ ပါသွားသည့် တော်လှန်ရေးရဲဘော် ၂ဦး ရက်စက်စွာနှိပ်ရက်သတ်ဖြတ်ခံခဲ့ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေတွင်စစ်ကောင်စီတပ်၏စစ်ကြောင်းတစ်ခုကဇွန် ၂၂ ရက်၌ဖမ်းဆီးသွားသည့် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုမိသားစုကလက်ရှိအချိန်ထိအဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

ဦးကျော်မျိုးမင်းအပါအဝင် PDF နှစ်ဦး ၊လမ်းပြ​ဒေသခံတစ်ဦးစုစု​​ပေါင်း ၄ဦး တို့သည် အစည်းအ​ဝေးတစ်ခုတက်ပြီး ပြန်လာချိန်တွင် ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီး၌ စစ်ကောင်စီတပ်၊BGF ပူး​ပေါင်းအဖွဲ့နှင့်​ထိပ်တိုက်တွေ့ပြီး ကဇွန်လ ၂၂ရက်က ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ စစ်​ကောင်စီ၊BGF ပူး​ပေါင်းအဖွဲ့က ၎င်းတို့​လေးဦးကို တန်ဆာခံအဖြစ် စစ်​ကြောင်းသွားရာတစ်​လျှောက် ဖမ်းဆီး​ခေါ်​ဆောင်သွားပြီးKNLA၊PDF ပူး​ပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်သဖြင့် တိုက်ပွဲများစွာဖြစ်ပွားခဲ့သည်။

ဖမ်းဆီးခံရသူများပြန်လည်ရရှိရန် KNLAနှင့် PDF ပူး​ပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်​သောတိုက်ပွဲများတွင် PDF နှစ်ဦးကျဆုံးခဲ့ပြီး စစ်​ကောင်စီ၊BGF ပူး​ပေါင်စစ်​ကြောင်းမှာလည်း​အ​ရေအတွက်မသိရ​သော်လည်းသေဆုံးထိ့ခိုက်မှုများ​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသသည်။

ဖမ်းဆီးခံရသူများထဲမှ ​ဒေသခံရွာသားမှာ ထွက်​ပြေး၍ပြန်လည်လွတ်​မြောက်ခဲ့သည်။ ၎င်း၏​ပြောပြချက်အရ ဦး​ကျော်မျိုးမင်းနှင့် PDF နှစ်ဦးကို စစ်​ကောင်စီတပ်က ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်ထား​ကြောင်းသိရသည်။

ဦးကျော်မျိုးမင်းနှင့်အတူ ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ တော်လှန်ရေးရဲဘော် များဖြစ်သည့် ရဲဘော် ပန်းမြင့်နှင့် ရဲဘော်ကိုကိုမောင်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇွန် ၃၀ ရက်တွင်ကျဆုံးကြောင်းကို KNU တပ်မဟာ(၁) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။

ကျဆုံးရဲဘော်နှစ်ဦးကိုမူ စစ်ကောင်စီက​ခြေလက်များကိုရိုက်ချိုးခြင်း၊ခုတ်ထစ်ထားခြင်း၊သွားများကိုလည်းချိုးထားကာ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့သည်ကို တွေ့ရသည်ဟု​သိရသည်။ ဦးကျော်မျိုးမင်း၏သတင်းမှာ ဇူလိုင် ရက်တွင်ကမမောင်း၊ ဘားအံဘက်သို့စစ်​ကောင်စီတပ်က​ခေါ်သွားသည်ဟုသိရပြီး​နောက်ပိုင်းမသိရ​တော့​ကြောင်းမိသားစုနှင့်နီးစပ်သူက ပြောသည်။ သတင်းအစပျောက်နေသည့်အပေါ် မိသားစုက စိုးရိမ်နေကြောင်း ၎င်းကဆက်​ပြောသည်။

“စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေ အင်အားတော်တော်များများနဲ့ သူတို့ဝင်ပြီးဖမ်းသွားတာ။ အဲဒီ စစ်ကြောင်းမှာ သူတို့ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးပါတယ်လို့ သိရတယ်။ကျွန်တော်တို့ PDF/KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဘက်က PDF ရဲဘော် ၂ဦး ကျတယ်။ သူတို့ဘက်ကလည်း ကျဆုံးမှု အရေအတွက် အတိအကျတော့မသိရဘူး ဒါပေမဲ့ တော်တော်များများ ရှိတယ်လို့ သိရတယ်။ နောက်ဆုံးအနေနဲ့ကိုယ့်ဘက်က သူ (ဦး​ကျော်မျိုးမင်း)က အသက်ရှင်နေသေးတယ်ဆိုတာ သေချာသိရတယ်” ဟု KNU တပ်မဟာ(၁)နယ်မြေရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသက် ၅၀ ဝန်းကျင်အရွယ်ရှိဦးကျော်မျိုးမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေ၌ အနိုင်ရထားသည် ကိုယ်စားလှယ်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။

သတင်း

ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

သတင်း

တာမွေမြို့ခံတစ်ဦးမှလည်း ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရောက်ရှိစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအပြီးတွင်ရုံးအနီးလမ်းပိုင်းအား စစ်ကောင်စီတပ်မှ ပိတ်ဆို့စစ်ဆေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။