Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့်စစ်​ဘေးဒုက္ခသည်များ ထိုင်းဘက်သို့ တိမ်းရှောင်

မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။

ဓာတ်ပုံ - Bangkok Post
ဓာတ်ပုံ - Bangkok Post

မြန်မာစစ်​ကောင်စီတပ်သည် မြ၀တီနယ်စပ်မြို့နယ်အတွင်းရှိ ကရင်ကျေးရွာများကို လေကြောင်းမှ ဆက်လကတိုက်ခိုက်နေ၍ ကရင်ဒုက္ခသည်များစွာကို ထိုင်းနိုင်ငံက လက်ခံရန်ပြင်ဆင်နေကြောင်း The Nation သတင်းဌာနက ယနေ့ဖော်ပြသည်။

ဇူလိုင် ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ကျေးရွာနှစ်ရွာအပေါ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ရွာသား ၃ ဦးသေဆုံးကာ အခြား ၃ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို တာ့ခ်ခရိုင် ဖော့ဖရာစီရင်စုသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရသည်။

သေဆုံးသူ ၃ဦးအနက် ၁ ဦးသည် ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားထားပြီး အခြား ၁ဦးသည် ထိုင်းအစိုးရကထုတ်ပေးသော တောင်ပေါ်သားကတ်ကိုင်ဆောင်သူဖြစ်သည်။ ကျန် ၁ ဦးသည် ထိုင်းနိုင်ငံအတွင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားသူဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - Bangkok Post
ဓာတ်ပုံ – Bangkok Post

တချိန်တည်းတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များ သည် နယ်စပ်ဖြတ်ကျော်ကာ Ban Muen Rue ထိုင်းအသင်းကို ခိုလှုံခွင့်တောင်းခံသူမှာ ၂၅၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

သို့သော် ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဉ် ထိုင်းလေပိုက်နက်သို့ကျူးကျော်ခဲ့မှုအတွက် တောင်းပန်မှု လက်ခံရရှိခဲ့ကြောင်း ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

နိုင်ငံ​ရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ ​ပြည်သူများကမူ စစ်​ကောင်စီတပ် ထိုင်း​လေပိုင်နက်အားကျူး​ကျော်လာမှုအ​ပေါ် ထိုင်း​လေတပ်က ချက်ချင်းမကာကွယ်မတုံ့ပြန်နိုင်ခြင်းအ​ပေါ် ​ဝေဖန်ပြစ်တင်​နေကြသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ပရာယွတ်က ထိုင်းစစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်စွမ်းအပြည့်ရှိသည်ကို ယုံကြည်ရန် ပြောဆိုထားပြီး အထက်ပါ လေပိုင်နက်ကျူးကျော်မှုက ကြီးမားသည့်ကိစ္စရပ်မဟုတ်ကြောင်း ဆိုထားသည်။

မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။

ကိုးကား – The Nation

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

ဆောင်းပါး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။

သတင်း

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။