Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် ဒေသခံလေးသောင်းခန့် စစ်ရှောင်နေရ

စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ထိုးစစ်ဆင်မှု၊ တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ဒေသခံ ပြည်သူ လေးသောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂ရက်တွင် မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို KNU တပ်မဟာ(၃) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူ ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊

တပ်စခန်းများ ပြန်လည်ရယူရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း မှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ယမန်နေ့ (ဇူလိုင်၃)၌ ရရှိထားသည့် စာရင်းများအရ ကျေးရွာပေါင်း ၂၆ရွာမှ လူဦးရေ ၃၉,၄၂၈ဦး ထိရှိလာခဲ့ကြောင်းKNUက ထုတ်ပြန်သည်။

ယမန်နေ့ နံနက်မှစ၍ စစ်ကောင်စီ၏ ခမရ(၅၉၀) ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၉)လုံးထက်မနည်း ပစ်ခတ်ခဲ့၍ ကော့ပြင်းရွာနှင့် အနီးတဝိုက် ကျရောက်ခဲ့သည်ဟုဆိုသည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အလားတူ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဒေသခံအချို့ကို ဖမ်းဆီးရိုက်နှက်ခြင်း၊ တပ်အင်အားတိုးချဲ့ခြင်း၊ လေယာဉ်ဖြင့် ထောက်လှမ်းခြင်း၊ ကျေးရွာများအတွင်း ရမ်းသန်းပစ်ခတ်ခြင်းတို့ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ဒေသခံများသည် အိုးအိမ်စွန့်ကာ ဘေးလွတ်ရာသို့ ရှောင်နေကြရကြောင်း KNUက ထုတ်ပြန်သည်။

(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(​ညောင်​လေးပင်ခရိုင်အတွင်း စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများ လက်ရှိတွင် ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေးပြဿနာစသည့်အခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး အများစုမှာ အမျိုးသမီးများ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း နှင့်လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

သတင်း

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

သတင်း

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း အသိပေးထားသည်။