Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှည်းတန်း ပေ(၅၀)လမ်းစျေးပစ်ခတ်မှု အမျိုးသမီးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)
(ယနေ့နံနက်က လှည်းတန်းစျေး ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရန်ကုန်မြို့ လှည်းတန်း ပေ(၅၀)လမ်းစျေးတွင် ယနေ့နံနက် ၉နာရီခန့်က အမျိုးသမီးနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း လှည်းတန်းနေပြည်သူများက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ လှည်းတန်း(၁)လမ်းနေ အသက် ၅၀ခန့်အရွယ်ညီအစ်မနှစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မျက်မြင်တွေ့ရှိသူတစ်ဦး၏ပြောဆိုမှုအရ အပစ်ခံရသည့်အမျိုးသမီးနှစ်ဦးအနက် အကြီးဖြစ်သူမှာနေရာတင် ပွဲချင်းပြီးသေဆုံးကာ အငယ်ဖြစ်သူမှာ ဆေးရုံသို့ပို့လိုက်ကြောင်း ပြောသည်။

“ဒလန်ညီအစ်မပါ။ အဲ့ဒီထိပ်မှာ မာလကာသီးတို့ သရက်သီးတို့ရောင်းတဲ့သူပါ။ အစ်မက ပွဲချင်းပြီးသေပါတယ်။ အငယ်မက မသေသေးလို့ ဆေးရုံပို့လိုက်တယ်။ နားထင်ကိုထိထားတယ်လို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းတို့ ညီအစ်မနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူနှစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် လပိုင်းအတွင်းက မင်္ဂလာဒုံမြို့နယ်၌ စစ်ကောင်စီကပေးသည့် အခြေခံစစ်သင်တန်းသွားရောက်သင်ကြားခဲ့သူဖြစ်ကြောင်း လှည်းတန်းနေ ပြည်သူတစ်ဦးက ပြောသည်။

ဒလန်ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခင်းဖြစ်ပွားသည့် လှည်းတန်း ပေ(၅၀)လမ်းစျေးသည် ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကောင်စီတပ်၏ ရမ်းကားဖျက်ဆီးပြီး မီးတင်ရှို့ခြင်းကို ခံထားရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများ၊ လှည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စျေးသည်များအား အော်ဟစ်ဆဲဆိုခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရန်ကုန်မြို့လယ်၌ လက်နက်အားကိုးဖြင့် မီးရှို့ရမ်းကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ ၏လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ DC နှစ်စီးရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်"ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

သတင်း

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

ဆောင်းပါး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။